နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည်အနီး၌ ယနေ့ စက်တင်ဘာ ၁၁ ရက်က ၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိ သားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း (၂,၄၀၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ကာ လူသားများ၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတုများပြောင်း လဲလာခြင်းဖြစ်၍ လူသားများကပင်ပြန်လည် ထိန်းသိမ်းကြရမည်ဖြစ်ရာ သစ်တောသစ်ပင်များစိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် စောင့် ရှောက်ပေးခြင်းများသည် သဘာဝဘေးအန္တ ရာယ်ကို အထိုက်လျောက်ထိန်းချုပ်ပေးသည့်အ ခြေခံအကြောင်းအရာတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယခုအခါ စိမ်းလန်းစိုပြေသာယာမှုများအထိုက်သင့်ရှိလာပြီဖြစ်၍ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိ သားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်(၉၀၀)ပင်၊ ပျဉ်း ကတိုး(၆၀၀)ပင်၊ ပိတောက်(၃၀၀)ပင်၊ မဟော်ဂ နီ(၆၀၀)ပင်(စုစုပေါင်း ၂,၄၀၀ ပင်)အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ် တ တိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီး နှံပင်နှင့် အရိပ်ရလေကာပင်ပေါင်း(၂ဝ၈,၄၂၅) ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်သည်။
ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီး၌ မိုးရာသီသစ်ပင်စိုက်ပွဲများအဖြစ် ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေ ကာပင်ပေါင်း(၁၈၆,၃၁၂)ပင်ကို စိုက်ပျိုးခဲ့ကြသည်။
ရေဆင်းဆည်အနီး၌ သစ်ပင်ပေါင်း (၂,၄၀၀)ပင်စိုက်ပျိုး
