Monday, August 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...
HomeNewsLocal Newsရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီ

ရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီ

ရေဂါလံတစ်သိန်းစုဆောင်းနိုင်သည့် ရေစုကန်တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီ

ရန်ကုန်မြို့တော်စည်ပင်၊ရေစီးရေလာဌာနမှ မိုး တွင်းကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ရန်ကုန်မြို့တော်ခန်းမ၌ တည်ဆောက်ခဲ့သည့် ရေဂါလံတစ်သိန်းစုဆောင်းထားနိုင်သည့် ရေစုကန်တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုးတွင်းကာလများတွင် ရန်ကုန်မြို့တော်ခန်းမအ နီးပတ်ဝန်းကျင်နှင့်ကျောက်တံတားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုအတိုင်းအတာတစ်ခုအထိကာကွယ်နိုင်ရန် ရေဂါလံတစ်သိန်းစုဆောင်းထားနိုင်သည့်ရေစုကန်အား ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁ ရက်၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေစုကန်မှာအလျား ၇၀ ပေ၊အနံ ၃၃ ပေနှင့် အမြင့် ၇ ပေရှိကာ ဆူးလေဘုရားလမ်းဖက်ရှိရေမြောင်းမှရေဝင်ရန်ပြုလုပ်ထားသည့် ရေဝင် ပေါက်အပါအဝင် ရေဝင်ပေါက် ၉ ပေါက်ရှိသည်ဟု သိရသည်။

“နှစ်စဥ်ရေလွှမ်းမိုးနေတဲ့ပြဿနာတွေ ခရီးသွားလာနေတဲ့ကားတွေ သွားရေးလာရေးအတွက် အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ် အကြောင်းအမျိုးမျိုးကြောင့် မိုးများလာရင်လည်း စုပ်ထုတ်ဖို့စက်တွေတည်ဆောက်ထားပါတယ်”ဟုရန်ကုန်မြို့တော်စည်ပင်(ကော်မတီဝင် ၄)ဒေါက်တာဇော်ဝင်းကပြောသည်။

အဆိုပါ ရေစုကန်အတွင်းစုဆောင်းထားသည့်မိုး ရေများအား မြို့တော်သာယာလှပ‌ရေးအတွက် သစ်ပင်ပန်းမန်များအားရေလောင်ခြင်း၊လမ်းရေ ဆေးခြင်းများ၌ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

အလားတူ ကမ်းနားလမ်းတလျှောက်၌ ရေစုကန်များတိုးချဲ့တည်‌ဆောက်မှုမှာလိုအပ်နေသဖြင့် ရေ တံခါးများတိုးချဲ့တည်ဆောက်ခြင်း၊ရေစုပ် စက်တပ်ဆင်ခြင်းများအားဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

Zaw Gyi

ေရဂါလံတစ္သိန္းစုေဆာင္းႏိုင္သည့္ ေရစုကန္တည္ေဆာက္မႈရာႏႈန္းျပည့္ၿပီးစီး

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၊ေရစီးေရလာဌာနမွ မိုး တြင္းကာလအတြင္း ေရႀကီးေရလွ်ံမႈမျဖစ္ေစေရးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ တည္ေဆာက္ခဲ့သည့္ ေရဂါလံတစ္သိန္းစုေဆာင္းထားႏိုင္သည့္ ေရစုကန္တည္ေဆာက္မႈမွာ ရာႏႈန္းျပည့္ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

မိုးတြင္းကာလမ်ားတြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမအ နီးပတ္ဝန္းက်င္ႏွင့္ေက်ာက္တံတားၿမိဳ႕နယ္တို႔တြင္ ေရႀကီးေရလွ်ံမႈအတိုင္းအတာတစ္ခုအထိကာကြယ္ႏိုင္ရန္ ေရဂါလံတစ္သိန္းစုေဆာင္းထားႏိုင္သည့္ေရစုကန္အား ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာ ၁ ရက္၌ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ဇန္နဝါရီ ၂၁ ရက္ေန႔တြင္ တည္ေဆာက္ၿပီးစီးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေရစုကန္မွာအလ်ား ၇၀ ေပ၊အနံ ၃၃ ေပႏွင့္ အျမင့္ ၇ ေပရွိကာ ဆူးေလဘုရားလမ္းဖက္ရွိေရေျမာင္းမွေရဝင္ရန္ျပဳလုပ္ထားသည့္ ေရဝင္ ေပါက္အပါအဝင္ ေရဝင္ေပါက္ ၉ ေပါက္ရွိသည္ဟု သိရသည္။

“ႏွစ္စဥ္ေရလႊမ္းမိုးေနတဲ့ျပႆနာေတြ ခရီးသြားလာေနတဲ့ကားေတြ သြားေရးလာေရးအတြက္ အခက္အခဲေတြကို ေျဖရွင္းႏိုင္မယ္လို႔ယုံၾကည္ပါတယ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိုးမ်ားလာရင္လည္း စုပ္ထုတ္ဖို႔စက္ေတြတည္ေဆာက္ထားပါတယ္”ဟုရန္ကုန္ၿမိဳ႕ေတာ္စည္ပင္(ေကာ္မတီဝင္ ၄)ေဒါက္တာေဇာ္ဝင္းကေျပာသည္။

အဆိုပါ ေရစုကန္အတြင္းစုေဆာင္းထားသည့္မိုး ေရမ်ားအား ၿမိဳ႕ေတာ္သာယာလွပ‌ေရးအတြက္ သစ္ပင္ပန္းမန္မ်ားအားေရေလာင္ျခင္း၊လမ္းေရ ေဆးျခင္းမ်ား၌ ေဆာင္႐ြက္သြားမည္ျဖစ္သည္ဟု သိရသည္။

အလားတူ ကမ္းနားလမ္းတေလွ်ာက္၌ ေရစုကန္မ်ားတိုးခ်ဲ႕တည္‌ေဆာက္မႈမွာလိုအပ္ေနသျဖင့္ ေရ တံခါးမ်ားတိုးခ်ဲ႕တည္ေဆာက္ျခင္း၊ေရစုပ္ စက္တပ္ဆင္ျခင္းမ်ားအားဆက္လက္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071