ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ရေကြီးရေလျှံမှုဖြစ်ပွားသည့် ဒေ သများရှိ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းသောသောက်သုံးရေများလုံလောက်စွာရရှိရန်လိုကာ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား စပါးသီးနှံများပြန်လည်စိုက်ပျိုးမည်ဆိုပါက အောင်ရေရရှိအောင်ဆောင်ရွက်ရန် မှာကြားသည်။
စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန်၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့်ယန္တရားများကိုကြိုတင်ရွှေ့ ပြောင်းထားရန်၊ လိုအပ်သည့် စက်သုံးဆီများကိုကြို တင်စုပုံထားရှိရန်၊ တမံနိမ့်ကျပျက်စီးသွားသည့်နေရာအား ယာယီပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးအောင်ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပူးပေါင်းဆောင်ရွက်ရန်လည်း မှာ ကြားသည်။
ရေကြီးရေလျှံမှု အချိန်ကာလကြာမြင့်နေမည်ဆိုပါက လူများ၏နေထိုင်မှုနှင့် စိုက်ပျိးရေးလုပ်ငန်းများအ တွက် ထိခိုက်မှုများပိုမိုများပြားစေမည်ဖြစ်၍ ရေကျော်စီးဝင်ခဲ့သည့်ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများစနစ်တကျဆောင်ရွက်ရန်၊ ယခုမိုးရာသီကာလအတွင်း တာတမံမြေနိမ့်ကျမှုများ ထပ်မံမဖြစ်ပေါ် စေရေးအတွက် လိုအပ်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ GDP မြင့် မားသော တိုင်းဒေသကြီး(၆)ခုတွင် အမြင့်ဆုံး၌ရှိရာ ရှိပြီးဖြစ်သည့် မြေခံရေခံကောင်းများကိုအသုံးချ၍ GDP တိုးတက်မြင့်မားအောင်ဆောင်ရွက်ပြီး ဒေသ၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လည်း နိုင်ငံ တော်သမ္မတက မှာကြားခဲ့သည်။
