Monday, July 13, 2026

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်...

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင်...

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်၊ စင်ကာပူနိုင်ငံတို့၏...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဇူလိုင် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကိုသီးခြားစီတွေ့ ဆုံခဲ့သည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့် ညနေ...

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ...

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက...

တိုးချဲ့ငါးမွေးမြူရေးဧရိယာများအတွက် ဒေသတွင်းအစာကုန်ကြမ်း အသုံးပြုနိုင်ရေး နည်းပညာပံ့ပိုးမည်

ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများတွင် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေးအတွက် ဒေသတွင်း ရရှိနိုင်သော အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
HomeInternationalရေကြီးနေတဲ့ ကွမ်ရှီးမှာ ပိတ်မိနေတဲ့...

ရေကြီးနေတဲ့ ကွမ်ရှီးမှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စက်တပ်ရေပေါ်တံတားတွေနဲ့ ကယ်ထုတ်ပေးနိုင်ခဲ့

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရေကြီးနေတဲ့ ကွေ့ကန် (Guigang) မြို့မှာ ပိတ်မိနေတဲ့ ထောင်ချီတဲ့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို စက်တပ်ရေပေါ်တံတား တွေသုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ပြီး တခြား ၉ ယောက်ကတော့ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းမှာ စံချိန်တင် မိုးရွာသွန်းခဲ့တာကြောင့် ကွေ့ကန်မြို့မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း ပညာရေးနယ်မြေတစ်ခုမှာ ကျောင်းသားတွေနဲ့ ဆရာဆရာမ ထောင်ပေါင်းများစွာ ပိတ်မိသွားခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာတော့ China Anneng Construction Group က ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့အတွက် ရေပေါ်ကယ်ဆယ်ရေး လေယာဉ်တင်သင်္ဘောတွေလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ စက်တပ်ရေပေါ်တံတားတွေကို ယူဆောင်ပြီး အခင်းဖြစ်ပွားရာကို အမြန်ဆုံး သွားရောက်ခဲ့ကြပါတယ်။

၆၀ မီတာ (ပေ ၂၀၀ ခန့်) ရှည်တဲ့ အဲဒီ‌ရေပေါ်တံတား(ပလက်ဖောင်း) တစ်ခုစီဟာ တစ်ကြိမ်ကို လူ ၃၀၀ ကျော် သယ်ဆောင်နိုင်ပါတယ်။ တပ်ဆင်ဖို့ဆိုရင်လည်း ၁၀ မိနစ်ကျော်လေးပဲ အချိန်ယူရတာပါ။

ဒါပေမဲ့ ဒီလို ကြီးမားတဲ့ ပစ္စည်းကိရိယာကြီးကို ရေမြုပ်နေတဲ့ ကျောင်းဝင်းထဲမှာ အသုံးပြုရတာဟာ အပ်ပေါက်ထဲ အပ်ချည်ကြိုးထိုးထည့်ရသလို အတော်လေးကို ခက်ခဲပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ရေအောက်ရောက်နေတဲ့ အတားအဆီးတွေနဲ့ ကျောင်းဆောင်တွေကြားက ကျဉ်းမြောင်းတဲ့ လမ်းကျဉ်းလေးတွေထဲမှာ သတိထားပြီး မောင်းနှင်ခဲ့ရပါတယ်။

“ကျွန်တော်တို့ ဒီရေယာဉ် သုံးစုံကို အသုံးပြုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အတွင်းဘက် မြေပြင်အခြေအနေက ရှုပ်ထွေးပြီး တချို့နေရာတွေက အရမ်းကျဉ်းလို့ပါ။ ဒီသုံးစုံကို တစ်လှည့်စီ သုံးတာက ကျွန်တော်တို့ကို ပိုပြီးသွက်လက်စေတယ်၊ လုံခြုံစေတယ်၊ ပြီးတော့ အလုပ်ပိုတွင်စေပါတယ်” လို့ China Anneng Group First Engineering Bureau ရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန အကြီးအကဲ ဘီယန်ဖန်း(Bian Fang) က ပြောပါတယ်။

ဒီစက်တပ်ရေပေါ်တံတားတွေရဲ့ ကြီးမားတဲ့ သယ်ဆောင်နိုင်စွမ်းကို အသုံးချပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ အံ့ဩစရာကောင်းလောက်အောင်ကို စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ကျောင်းသားနဲ့ ဝန်ထမ်း ၆,၀၀၀ ကျော်ကို နာရီ ၂၀တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ဘေးကင်းရာကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာပါ။

“ကျွန်တော်တို့ သုံးရက်နဲ့ နှစ်ညတိတိ ပိတ်မိနေခဲ့တာဗျ။ အခြောက်အခြမ်းလေးတွေ စားပြီး အသက်ဆက်ခဲ့ရတာပေါ့။ ညဘက်ဆိုလည်း ချွေးတွေပြန်၊ ဗိုက်တွေဆာပြီး နိုးလာတတ်တယ်။ ပူပူနွေးနွေး အစားအစာဆိုတာ လုံးဝမရှိဘူးလေ။ အစပိုင်းတုန်းကတော့ အပြင်ကို ဆက်သွယ်လို့ရသေးပေမဲ့ နောက်တော့ ဖုန်းတွေအားကုန်သွားတယ်။ နောက်ဆုံး ကယ်ဆယ်ရေးသမားတွေ ရောက်လာတာကို မြင်လိုက်ရတော့ အိမ်ပြန်ဖို့ လမ်းစလေး မြင်လိုက်ရသလို ခံစားရတယ်။ အားလုံးကလည်း ဝမ်းသာအားရ အော်ဟစ် အားပေးခဲ့ကြတယ်” လို့ ကွမ်ရှီး ထောက်ပံ့ပို့ဆောင်ရေး သက်မွေးဝမ်းကျောင်းနဲ့ နည်းပညာကောလိပ်(Guangxi Logistics Vocational and Technical College) က ကျောင်းသား ချင်ကျိယုံ (Qin Zhiyong) က ပြောပါတယ်။

“မိုးလင်းတာနဲ့ မနက် ၆ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်စခဲ့ပါတယ်။ အမှောင်ထဲမှာ လုပ်ရတာက အရမ်းအန္တရာယ်များလို့ပါ။ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့ အရမ်းကို ကြိုးစားပန်းစား လုပ်ပေးခဲ့ကြတာပါ။ ကျွန်တော်တို့ ဒီအခက်အခဲကို ကျိန်းသေပေါက် ကျော်လွှားနိုင်မှာပါ” လို့ အဆိုပါ ကောလိပ်ရဲ့ ကျောင်းသားရေးရာဌာနမှူး လင်းဖုန်း(Lin Feng) က ပြောပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင် မိုးဇလ ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်သည်။ ထိုသို့ ရွာသွန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာရန် ရာနှုန်းပြည့်...

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်၊ စင်ကာပူနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ နှစ်နိုင်ငံအပြန်အလှန်အကျိုးအတွက် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဇူလိုင် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကိုသီးခြားစီတွေ့ ဆုံခဲ့သည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့် ညနေ ၅ နာရီကျော်ခန့်ကတွေ့ဆုံစဥ် နှစ်နိုင်ငံကြား ကာ လရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် အပြန်အလှန်ကူညီပံ့ပိုးခဲ့မှုတို့ကိုအခြေခံသော ကောင်းမွန်သည််ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။‌ ထို့ပြင် ‌နေ့လယ် ၃ နာရီ၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန်နှင့်တွေ့ဆုံစဥ်ကလည်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာများနှင့် မြန်မာနိုင် ငံ၏ဖြစ်ပေါ်တိုးတက်မှုများကိုဆွေးနွေးခဲ့ကြသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကာဖျက်ဆီးရန် (၅)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က  ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား ထပ်မံ၍ စနစ်တကျ မိုင်းခွဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071