Tuesday, December 16, 2025

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က...
HomeNewsLocal Newsရုံးပိတ်ရက်ရှည်များအတွင်း Mobile Team...

ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team (သို့မဟုတ်) ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးမည်

ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်သူများ ငွေသားထုတ်ယူမှုလွယ်ကူအဆင်ပြေစေရေးအတွက် ATM များတွင် ငွေသားလိုအပ်ချက် ပံ့ပိုးနိုင်ရေး၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်းများအလိုက် ရုံးပိတ်ရက်ရှည်များတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အလှည့်ကျတာဝန်များ ချမှတ်စီစဉ်ရေး၊ ဘဏ်နှင့် ငွေကြေးလုံခြုံမှုအတွက် လုံခြုံရေးအစီအစဉ်များချမှတ်ရေး၊ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး ၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သီးခြားဆောင်ရွက်ပေးမည့် အစီအစဉ်များတင်ပြရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင်ငံခြားငွေကိစ္စရပ်များအပါအဝင် ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပြောင်းငွေများ အခက်အခဲမရှိ ပြန်လည်ထုတ်ပေးနိုင်ရေး၊ အင်အားပြင်းငလျင်ဒဏ်ခံရသည့် နေရာများရှိ ပြည်သူများ ဘဏ်ဝန်ဆောင်မှုလွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရန် ပံ့ပိုးပေးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းငွေများ (မြန်မာကျပ်/ နိုင်ငံခြားငွေ) လွှဲပြောင်းဝင်ရောက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စက်သုံးဆီဆိုင်များအပါအဝင် အခြားလက်လီ/လက်ကား ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် မြန်မာကျူအာ (MMQR) အသုံးပြု ၍ လွယ်ကူစွာငွေပေးချေနိုင်ရေးဆောင်ရွက်ပေးမည့် ကိစ္စများနှင့် သင်္ကြန်ပိတ်ရက်များအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးမည့်အစီ အစဉ်များနှင့် ဗဟိုဘဏ်က ငွေကြေးပံ့ပိုးပေးမည့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေကြေးစီးဆင်းမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက Video Conferencing ဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်း (MFS) များမှ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ တာဝန်ရှိသူများက သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဘဏ်ဝန်ဆောင်မှုများကို အခက်အခဲမရှိ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ဗဟိုဘဏ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်မူ မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆု (၃)ခုမှာမူ ရိုးရာခြင်းလုံး...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀ ကေဗွီ မြင်းခြံ(သံမ ဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်- မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စစ် ဆေးပြုပြင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ပြီး စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071