Sunday, August 9, 2026

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန်...

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင်...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃)...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်...
HomeInternationalရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆိုပါသင်္ဘောသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်တည်ဆောက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းဖြစ်သော Oboronlogistika ကုမ္ပဏီက စီမံထိန်းချုပ်ပြီး သင်္ဘောသည် ရုရှားအရှေ့ဖျား ဗလာဒီဗော့စ်တော့ ဆိပ်ကမ်းသို့ သွားရာလမ်းကြောင်းတွင်ရှိနေကာ သင်္ဘောပေါ်တွင် ဆိပ်ကမ်းသုံး ဧရာမကရိန်းကြီးနှစ်ခု တပ်ဆင်ထားသည်ဟု ပြောဆိုထားခဲ့သည်။

သင်္ဘောသား ၁၆ ဦးအနက် ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ စပိန်နိုင်ငံသို့ ပို့ဆောင်ထားခဲ့သော်လည်း နှစ်ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ စက်ခန်းပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။

ယခင်က Sparta III ဟု ခေါ်တွင်သည့် အဆိုပါကုန်သင်္ဘောသည် ဗလာဒီမာဗော့စ်တော့ဆိပ်ကမ်းတွင် တပ်ဆင်မည့် ဆိပ်ကမ်းသုံး ကရိန်းကြီးများနှင့် ရေခဲခွဲသင်္ဘောသစ်များအတွက် အစိတ်အပိုင်းများကို တင်ဆောင်လာခြင်းဖြစ်သည်ဟု သင်္ဘော၏ နောက်ဆုံးပိုင်ရှင်ဖြစ်သော Oboronlogistika က ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်တွင် ပြောဆိုထားခဲ့သအဆိုပါသင်္ဘောသည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၁ ရက်တွင် ထွက်ခွာသွားခြင်းဖြစ်ပြီး တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၂၂၀၄ နာရီတွင် အယ်ဂျီးရီးယားနှင့် စပိန်နိုင်ငံကြား ရေပြင်မှနေ၍ နောက်ဆုံးအချက်ပေးမှုထုတ်လွှင့်ခဲ့သည်ဟု သင်္ဘောလမ်းကြောင်းခြေရာခံ LSGE က ဖော်ပြခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်ရေးအစီအမံများကိုပါ စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “လူသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လူတွေရဲ့လုပ်ဆောင်ချက်တွေနဲ့...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့သော်လည်း ယခုအခါ Bed Level များမြင့်တက်လာ၍ သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာသည်ဟု ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်းအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းကတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်သည့်နည်းတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုလည်း ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃) ဘီလီယံကျော်ရရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက ပုသိမ်မြို့တွင်ကျင်းပသည့် အလှူငွေပေးအပ်ပွဲ၌ အလှူငွေကျပ်(၂၃ ဒသမ ၃၂၄) ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ တိုင်းနှင့် ပြည်နယ်များ၊ စေတ နာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၏ အလှူငွေများ ပေးအပ်လှူဒါန်းမှုကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များကပေးအပ်လှူဒါန်းသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071