ရုရှားသည် ဂျော်ဂျီယာနှင့် လေယာဉ်ခရီးစဥ်ပျံသန်းမှုတားမြစ်ချက်အား ရုတ်သိမ်းလိုက်ပြီး သမ္မတပူတင်ဘက်က ဗီဇာကင်းလွတ်သည့်စနစ်ကို စတင်ကျင့်သုံးနေပြီဟု ခရင်မလင်နန်းတော်ကမေလ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ရုရှားသည် ၂၀၀၈ ခုနှစ်က ဂျော်ဂျီယာနှင့်ခဏတာစစ်ပွဲဆင်နွှဲခဲ့ရာမှ ယခုအခါ၌ လေယာဉ်ခရီးစဥ်ပျံသန်းခြင်းပိတ်ပင်ထားမှုကို ရုတ်သိမ်းကြောင်းနှင့် ဂျော်ဂျီယာနိုင်ငံသားများအတွက် ရက် ၉၀ ဗီဇာကင်းလွတ်ခွင့်ကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။
ရုရှားနှင့်ဂျော်ဂျီယာတို့သည် ရှုပ်ထွေးသော သမိုင်းကြောင်းရှိခဲ့သည်။ဂျော်ဂျီယာသမ္မတဟောင်းသည် မော်စကို၏ ထိပ်တန်းရန်သူဖြစ်သည်။
နှစ်အတန်ကြာတင်းမာမှုများနှင့် အနောက်နိုင်ငံများနှင့်ပိုမိုနီးကပ်သော ဆက်ဆံရေးရရန် ဂျော်ဂျီယာသမ္မတဟောင်း၏ ကြိုးပမ်းအားထုတ်မှုများအပြီး ၂၀၀၈ ခုနှစ်တွင် မော်စကိုသည်ဂျော်ဂျီယာနှင့် အချိန်မကြာသော်လည်း သွေးထွက်သံယိုဖြစ်စေခဲ့သည့်စစ်ပွဲကို ပြုလုပ်ခဲ့ဖူးသည်ဟုသိရသည်။
ဂျော်ဂျီယာကမူ ရုရှား၏ယခုလုပ်ရပ်အားလက်သင့်မခံဘဲ ၎င်း၏ယခုဆုံးဖြတ်ချက်သည် ယူကရိန်းပြီးနောက် အခြားရန်စမှုတစ်ခုသာဖြစ်သည်ဟုဆိုခဲ့သည်။
Source : WION
