Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...
HomeInternationalရုရှား-ဘီလာရုဇ်လုံခြုံရေးအာမခံသဘောတူစာချုပ်ပူတင်အတည်ပြု

ရုရှား-ဘီလာရုဇ်လုံခြုံရေးအာမခံသဘောတူစာချုပ်ပူတင်အတည်ပြု

မော်စကို၊ဒီဇင်ဘာ ၆

ရုရှားသမ္မတဗလာဒီမာပူတင်သည် ပြည်ထောင်စုနိုင်ငံတော်ဟူသောမူဘောင်အတွင်း ဘီလာရုဇ်နှင့်လုံခြုံရေးအာမခံအတွက် လက်မှတ်ရေးထိုးမည့်အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း ခရမ်မလင်နန်းတော်ကထုတ်ပြန်ကြေငြာခဲ့သည်။

သမ္မတ၏အမိန့်အရ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဖက်ဒရယ်ပြည်နယ်အဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ထားသည့် ရုရှားနှင့်ဘီလာရုဇ်တို့အကြား လုံခြုံရေးအာမခံချက်ဆိုင်ရာ သဘောတူစာချုပ်အားလက်မှတ်ရေးထိုးရန်ခွင့်ပြုပေးခဲ့သည်ဟုသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါအမိန့်အရ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရှေ့လျှောက်နှစ်ဖက်ညှိနှိုင်းမှုများအတွက် စာချုပ်မူကြမ်းရှိ မလိုအပ်သည့်အချက်များကိုပါ ပြင်ဆင်ခွင့်ပြုထားသည်ဟုလည်းသိရသည်။

ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက အဆိုပါစာချုပ်မူကြမ်းကို ကြာသပတေးနေ့အစောပိုင်းတွင် အတည်ပြုခဲ့သည်ဟုလည်း BeITA သတင်းဌာနကထုတ်ပြန်ကြေငြာခဲ့သည်။

လာမည့်သောကြာနေ့၌ မင့်စ်ဒေသ၌ ပြည်ထောင်စုနိုင်ငံတော်၏ အဓိပတိကောင်စီအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးအတွင်း ပူတင်နှင့်လူကာရှန်ကိုတို့သည် နှစ်နိုင်ငံပေါင်းစည်းမှု၊အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာလွတ်လပ်မှုများကိုအလေးထား ဆွေးနွေးကာ လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ရကြောင်းသိရသည်။

ရုရှားနှင့်ဘီလာရုဇ်တို့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လာမည့်အစည်းအဝေးသည် ၎င်းတို့အတွက် ၂၅ နှစ်မြောက်အထိမ်းအမှတ်လည်းဖြစ်ကြောင်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071