Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsရန်ကုန်အမှတ်(၃)လမ်းနှင့်ခရေပင်လမ်းဆုံတို့ ယာဉ်ကြောပိတ်ဆို့ မှုများနေ၍...

ရန်ကုန်အမှတ်(၃)လမ်းနှင့်ခရေပင်လမ်းဆုံတို့ ယာဉ်ကြောပိတ်ဆို့ မှုများနေ၍ ယာဉ်ကြီးအချို့ကို လမ်းကြောင်းပြောင်းလဲသတ်မှတ်

ရန်ကုန်အမှတ်(၃)လမ်းနှင့်ခရေပင်လမ်းဆုံတို့ ယာဉ်ကြောပိတ်ဆို့ မှုများနေ၍ ယာဉ်ကြီးအချို့ကို လမ်းကြောင်းပြောင်းလဲသတ်မှတ်

ရန်ကုန် အမှတ် (၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့်တွင် ယာဉ်ကြောများပိတ်ဆို့ကြပ်တည်းနေမှုကို လျှော့ချနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်ပြင်ပနှင့် ပြည်နယ်နှင့်တိုင်းများသို့ သွားလာမည့် အဝေးပြေးယာဉ်ကြီးများအား လမ်းကြောင်းများ သတ်မှတ်ပေးလိုက်ပြီဟု သက်ဆိုင်ရာမှ သိရသည်။

“ဒီတစ်လမ်းထဲကိုပဲ အသုံးပြုနေတော့ မလိုလားအပ်ဘဲ ယာဉ်ကြောတွေက ပိတ်ဆို့ကုန်တယ်။ဒီတော့ အမျိုးအစားသတ်မှတ်ပြီး လမ်းကြောင်းတွေ ခွဲပေးလိုက်တယ်။အဓိကကတော့ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားအောင် ဆောင်ရွက်လိုက်တာပါ”ဟု သက်ဆိုင်ရာ တာဝန်ရှိသူကပြောသည်။

အမှတ် (၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံ မီးပွိုင့် တွင် ယာဉ်ကြောများပိတ်ဆို့ကြပ်တည်းနေမှုအား လျှော့ချနိုင်ရေးအတွက်လမ်းကြောင်းသုံးကြောင်း သတ်မှတ်ထားပြီး စစ်ဆေးရေးအဖွဲ့များနှင့် ထိန်းသိမ်းကြပ်မတ်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားသည်ဟုသိရသည်။

ပြောင်းလဲလိုက်သောလမ်းကြောင်းအရ အင်းစိန်ဘက်မှ ထွက်ခွာလာသော အဝေးပြေးကုန်တင်ယာဉ်၊ ကုန်သေတ္တာတင်ယာဉ်များသည် အမှတ် (၄) လမ်းမကြီး / လှော်ကား / ထောက်ကြံ့ မြို့ပတ်လမ်း မှတဆင့် ရန်ကုန် – ပဲခူး လမ်းဟောင်းသို့ (အသွား/ အပြန်) ဖြတ်သန်းမောင်းနှင်ကြရမည်ဟုသိရသည်။

အောင်မင်္ဂလာအဝေးပြေးဝင်းမှ ထွက်ခွာသော Express အဝေးပြေးယာဉ်များ(ကုန်တင်ယာဉ်များမပါ) အနေဖြင့် ခရေပင်လမ်းဆုံမှ ပြည်လမ်းအတိုင်း ထွက်၍အမြန်လမ်းသို့ (အသွား/အပြန်) ဖြတ်သန်းမောင်းနှင်ကြရမည်ဟုလည်းသိရသည်။

ယင်းအပြင် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ပုံမှန်သွားလာနေသော ကုန်တင်ယာဉ်ကုန်သေတ္တာတင်ယာဉ်များ၊ သီလဝါ/ အရှေ့ဒဂုံဘက်မှ ဇေကမ္ဘာစက်မှုဇုန်မှတဆင့်ထွက်ခွာလာသော အဝေးပြေးကုန်တင်ယာဉ် ကုန်သေတ္တာတင်ယာဉ်များ မော်လမြိုင်- ရေး – ထားဝယ်-မြိတ်- တနင်္သာရီ- ကော့သောင်းဘက်သို့ သွားမည့် အဝေးပြေး Express ယာဉ်များသည် အမှတ် (၃) လမ်းမှတဆင့် ပဲခူးလမ်းဟောင်းသို့ (အသွားအပြန်) ဖြတ်သန်း မောင်းနှင်ကြရန်ပါ ညွှန်ကြားထားချက်အရသိရသည်။

လမ်းကြောင်းသုံးခုခွဲ၍ သွားလာမည့်အစီအစဉ်နှင့် စပ်လျဉ်း၍ လိုက်နာမှုရှိမရှိကို မြို့နယ်အဆင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီများမှ အလှည့်ကျ စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ သတ်မှတ် လမ်းကြောင်းများအတိုင်း မောင်းနှင်ကြရမည်ဟုသိရှိရသည်။

Zaw Gyi

ရန္ကုန္အမွတ္(၃)လမ္းႏွင့္ခေရပင္လမ္းဆုံတို႔ ယာဥ္ေၾကာပိတ္ဆို႔ မႈမ်ားေန၍ ယာဥ္ႀကီးအခ်ိဳ႕ကို လမ္းေၾကာင္းေျပာင္းလဲသတ္မွတ္

ရန္ကုန္ အမွတ္ (၃) လမ္းမႀကီးႏွင့္ ခေရပင္လမ္းဆုံမီးပြိဳင့္တြင္ ယာဥ္ေၾကာမ်ားပိတ္ဆို႔ၾကပ္တည္းေနမႈကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး နယ္နိမိတ္ျပင္ပႏွင့္ ျပည္နယ္ႏွင့္တိုင္းမ်ားသို႔ သြားလာမည့္ အေဝးေျပးယာဥ္ႀကီးမ်ားအား လမ္းေၾကာင္းမ်ား သတ္မွတ္ေပးလိုက္ၿပီဟု သက္ဆိုင္ရာမွ သိရသည္။

“ဒီတစ္လမ္းထဲကိုပဲ အသုံးျပဳေနေတာ့ မလိုလားအပ္ဘဲ ယာဥ္ေၾကာေတြက ပိတ္ဆို႔ကုန္တယ္။ဒီေတာ့ အမ်ိဳးအစားသတ္မွတ္ၿပီး လမ္းေၾကာင္းေတြ ခြဲေပးလိုက္တယ္။အဓိကကေတာ့ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့က်သြားေအာင္ ေဆာင္႐ြက္လိုက္တာပါ”ဟု သက္ဆိုင္ရာ တာဝန္ရွိသူကေျပာသည္။

အမွတ္ (၃) လမ္းမႀကီးႏွင့္ ခေရပင္လမ္းဆုံ မီးပြိဳင့္ တြင္ ယာဥ္ေၾကာမ်ားပိတ္ဆို႔ၾကပ္တည္းေနမႈအား ေလွ်ာ့ခ်ႏိုင္ေရးအတြက္လမ္းေၾကာင္းသုံးေၾကာင္း သတ္မွတ္ထားၿပီး စစ္ေဆးေရးအဖြဲ႕မ်ားႏွင့္ ထိန္းသိမ္းၾကပ္မတ္သြားရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ၫႊန္ၾကားထားသည္ဟုသိရသည္။

ေျပာင္းလဲလိုက္ေသာလမ္းေၾကာင္းအရ အင္းစိန္ဘက္မွ ထြက္ခြာလာေသာ အေဝးေျပးကုန္တင္ယာဥ္၊ ကုန္ေသတၱာတင္ယာဥ္မ်ားသည္ အမွတ္ (၄) လမ္းမႀကီး / ေလွာ္ကား / ေထာက္ႀကံ့ ၿမိဳ႕ပတ္လမ္း မွတဆင့္ ရန္ကုန္ – ပဲခူး လမ္းေဟာင္းသို႔ (အသြား/ အျပန္) ျဖတ္သန္းေမာင္းႏွင္ၾကရမည္ဟုသိရသည္။

ေအာင္မဂၤလာအေဝးေျပးဝင္းမွ ထြက္ခြာေသာ Express အေဝးေျပးယာဥ္မ်ား(ကုန္တင္ယာဥ္မ်ားမပါ) အေနျဖင့္ ခေရပင္လမ္းဆုံမွ ျပည္လမ္းအတိုင္း ထြက္၍အျမန္လမ္းသို႔ (အသြား/အျပန္) ျဖတ္သန္းေမာင္းႏွင္ၾကရမည္ဟုလည္းသိရသည္။

ယင္းအျပင္ ရန္ကုန္တိုင္း နယ္နိမိတ္အတြင္း ပုံမွန္သြားလာေနေသာ ကုန္တင္ယာဥ္ကုန္ေသတၱာတင္ယာဥ္မ်ား၊ သီလဝါ/ အေရွ႕ဒဂုံဘက္မွ ေဇကမာၻစက္မႈဇုန္မွတဆင့္ထြက္ခြာလာေသာ အေဝးေျပးကုန္တင္ယာဥ္ ကုန္ေသတၱာတင္ယာဥ္မ်ား ေမာ္လၿမိဳင္- ေရး – ထားဝယ္-ၿမိတ္- တနသၤာရီ- ေကာ့ေသာင္းဘက္သို႔ သြားမည့္ အေဝးေျပး Express ယာဥ္မ်ားသည္ အမွတ္ (၃) လမ္းမွတဆင့္ ပဲခူးလမ္းေဟာင္းသို႔ (အသြားအျပန္) ျဖတ္သန္း ေမာင္းႏွင္ၾကရန္ပါ ၫႊန္ၾကားထားခ်က္အရသိရသည္။

လမ္းေၾကာင္းသုံးခုခြဲ၍ သြားလာမည့္အစီအစဥ္ႏွင့္ စပ္လ်ဥ္း၍ လိုက္နာမႈရွိမရွိကို ၿမိဳ႕နယ္အဆင့္ စစ္ေဆးအေရးယူေရး ဆပ္ေကာ္မတီမ်ားမွ အလွည့္က် စစ္ေဆး ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွစတင္၍ သတ္မွတ္ လမ္းေၾကာင္းမ်ားအတိုင္း ေမာင္းႏွင္ၾကရမည္ဟုသိရွိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071