Wednesday, June 17, 2026

ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်ရေးအဆို ချင်းပြည်နယ်လွှတ်တော်...

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး...

မွန်ပြည်နယ်အတွင်း ရက်ရှည်လများ ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ...

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရရှိထားသကဲ့သို့ ရက်ရှည်လများ ဖွင့်လှစ်လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများအား ထိရောက်စွာ တားဆီးပိတ်ပင်ပေးရေးအဆိုကို မွန်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

ပြိုင်ပွဲဝင်အသင်းသစ် ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ...

၂၀၂၆-၂၇ ဘောလုံးရာသီ Myanmar Women’s League ပြိုင်ပွဲ၏ တတိယနေ့ပွဲစဉ်တွင် ပြိုင်ပွဲဝင်အသင်းသစ် ဇွဲကပင်ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိကာ...

မြန်မာဂုဏ်ဆောင် နော်ဥမ္မာစိုး၊ Patong Fight...

Patong Fight Night က ကြီးမှူးကျင်းပမည့် မွေထိုင်းချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ နော်ဥမ္မာစိုးနှင့် ထိုင်းဖိုက်တာ ပက်ချ်ဖူဖန် (Petchphuphan) တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လာမည့် နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိုးသက်လေပြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် လျှပ်စီးလက်ခြင်းစသည့် မိုးလေဝသအန္တရာယ်များကို သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်ရေးအဆို ချင်းပြည်နယ်လွှတ်တော် အတည်ပြု

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါအဆိုကို ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဆန်အုပ်မန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရ၏ အစီအမံဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းထားခြင်းဖြစ်သည်။ ယင်းအဆိုကို တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတင်ကာကျင်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇမ်းရှင်းဒါးလ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး...

မွန်ပြည်နယ်အတွင်း ရက်ရှည်လများ ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ ပိတ်ပင်တားဆီးရေးအဆို လွှတ်တော်သို့ တင်သွင်း

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရရှိထားသကဲ့သို့ ရက်ရှည်လများ ဖွင့်လှစ်လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများအား ထိရောက်စွာ တားဆီးပိတ်ပင်ပေးရေးအဆိုကို မွန်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။ ထောက်ခံဆွေးနွေးချက်များအပေါ် အခြေခံ၍ အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြိုင်ပွဲဝင်အသင်းသစ် ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ရာသီသစ်ဖွင့်ပွဲ အောင်ပွဲခံ

၂၀၂၆-၂၇ ဘောလုံးရာသီ Myanmar Women’s League ပြိုင်ပွဲ၏ တတိယနေ့ပွဲစဉ်တွင် ပြိုင်ပွဲဝင်အသင်းသစ် ဇွဲကပင်ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိကာ ရာသီသစ်ကို အောင်မြင်စွာ စတင်နိုင်ခဲ့သည်။ ပွဲစဉ်ကို ဇွန် ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းက ပွဲကို အစမှအဆုံး ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ဇွဲကပင်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် မေဇူလိုင်က သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၆၃ မိနစ်တွင် ဂါနာနိုင်ငံသူ တိုက်စစ်မှူး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071