မြန်မာ-တရုတ် ချစ်ကြည်ရေးအစီအစဉ်အရ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Bowen တရုတ်စာသင်ကျောင်း၌ တရုတ်ရိုးရာ လမုန့်ယဉ်ကျေးမှုပွဲတော်ကို မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်းဗဟိုနှင့် Bowen ပညာရေးအုပ်ချုပ်ရေးအဖွဲ့တို့က ယနေ့ စက်တင်ဘာ(၂၅)ရက် ညနေပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်ရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ဆောင်းဦးပေါက်ရာသီ လမုန့်ပွဲတော်ဖြစ်ပြီး Bowen တရုတ်စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဝန်းကျင်နှင့်အတူ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျောင်းပညာရေးအုပ်ချုပ်ရေးတာဝန်ခံ ဦးမန်းခန့် နှင့် ကျောင်းအုပ်ဆရာမကြီး Ms. Kang Yong တို့က ရိုးရာလမုန့်ပွဲတော် တရုတ်ယဉ်ကျေးမှုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာတို့၏ ထမနဲ ယဉ်ကျေးမှုပွဲတော်ကဲ့သို့ မြန်မာ-တရုတ်တို့၏ တူညီသော ယဉ်ကျေးမှု၊ အစဉ်လာကြီးမားခဲ့သော ချစ်ကြည်ရေးသမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Bowen ပညာရေးအထောက်အကူပြုအဖွဲ့သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် ၂၀၁၆ ခုနှစ်က စတင်ထည်ထောင်ခဲ့ပြီး ဗဟန်း၊ ကမာရွတ်၊ နေပြည်တော်တို့တွင် ဖွင့်လှစ်ထားကာ ကျောင်းသား စုစုပေါင်း (၁,၄၀၀) ကျော် တက်ရောက်နေကြောင်း သိရသည်။
တရုတ်ပြည်သူသမ္မတနိုင်ငံ အစိုးရ၏ လန်ချန်း-မဲခေါင်ဒေသ စက်မှုအသက်မွေးပညာဒေသ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း တာဝန်ယူ အကောင်ထည်ဖော်ရန် လက်မှတ်ထိုးစာချုပ်ချုပ်ထားသည့် အဖွဲ့တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
