Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsရန်ကုန်မြို့၏ အထင်ကရ ဗိုလ်ချုပ်ဈေးအတွင်းမှ...

ရန်ကုန်မြို့၏ အထင်ကရ ဗိုလ်ချုပ်ဈေးအတွင်းမှ စိန်‌ရွှေရတနာ အရောင်းဆိုင်တစ်ဆိုင် ထပ်မံဖောက်ထွင်းခံရကာ သိန်း (၁၄၀၀) ကျော် နစ်နာဆုံးရှုံးမှုဖြင့် အမှုဖွင့်ထား 

ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွင်ရှိပြီး အထင်ကရဈေးတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက် (D) ရုံ၊ ဆိုင်ခန်းအမှတ် (၅၃)ရှိ KMS စိန်ရွှေရတနာဆိုင် ဖောက်ထွင်းခံရကာ သိန်း (၁၄၀၀) ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း သိရသည်။ 

အဆိုပါ KMS စိန်ရွှေရတနာ အရောင်းဆိုင်မှာ ပြီးခဲ့သည့် မတ်လ (၃) ရက် ညပိုင်းကတည်းက ဖောက်ထွင်းခိုးယူခံခဲ့ရခြင်းဖြစ်သော်လည်း ဆိုင်ရှင်ဖြစ်သူမှာ ခရီးလွန်နေသည့်အတွက် ယမန်နေ့ မတ်လ (၇) ရက်တွင်မှ သက်ဆိုင်ရာတွင် အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ 

“စခန်းမှာကတော့ (၇) ရက်နေ့မှ အမှုဖွင့်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစ်ကိုက (၇) ရက်နေ့မနက်မှဆိုင်ကိုသွားရတာလေ။ အခုလောလောဆယ်တော့ တန်ဖိုးအားဖြင့်တော့ တိတိကျကျမသိရသေးဘူး။ သိန်း (၁၄၀၀) ကျော်လို့တော့ စခန်းမှာ အမှုဖွင့်ထားတယ်” ဟု KMS စိန်ရွှေရတနာအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။ 

KMS ဆိုင်ပိုင်ရှင်ဖြစ်သူသည် မတ်လ (၄) ရက် နံနက်အစောပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်နေခြင်းဖြစ်ပြီး မတ်လ (၆) ရက် ညပိုင်းမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့်အတွက် (၇) ရက်နေ့ နံနက်ပိုင်းရောက်မှသာ ဗိုလ်ချုပ်ဈေးရှိ ဖောက်ထွင်းခံရသည့် ဆိုင်ကိုသွားရောက်ကြည့်ရှုနိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ KMS စိန်ရွှေရတနာဆိုင် ဖောက်ထွင်းခံရမှုမှာ မတ်လ (၃) ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဆိုင်နှင့် အလားတူ “နှင်းဆီ” ရတနာအရောင်းဆိုင်လည်း ယင်းညပိုင်းက ဖောက်ထွင်းခံရကာ သိန်းရာနှင့်ချီသော ကျောက်စိန်းအချောထည်များ ခိုးယူခံခဲ့ရကြောင်း သိရသည်။ 

” အစ်ကို့ဆိုင်တစ်ဆိုင် မနှင်းဆီဆိုင်တစ်ဆိုင်။ မနှင်းဆီဆိုင်က အစ်ကို့ဆိုင် (၉၃)နဲ့ မျက်နှာချင်းဆိုင်၊ အစ်ကိုဖောက်ခံရတာက (၉၄) ဆိုတော့ ဟိုဘက်ထောင့်ကဆိုင်ပေါ့ ” ဟု KMS စိန်ရွှေရတနာဆိုင်ပိုင်ရှင်က ပြောသည်။ 

ဖောက်ထွင်းခံရမှုအတွင်း ကျောက်စိမ်းအရည်ပွင့်များ၊ မြိတ်ဒေသထွက် ပုလဲအသန့်များ၊ မိုးကုတ်ဒေသထွက် ပတ္တမြားနှင့် နီလာ အသန့်များ အားလုံးကို ယူဆောင်သွားပြီး ဖောက်ထွင်း ခိုးယူသူများမှာ ကျောက်မျက်ရတနာအကြောင်း နားလည်တတ်ကျွမ်းသူများ ပါဝင်ပတ်သက်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။ 

” သူက တန်ဖိုးရှိတဲ့ပစ္စည်းတွေပဲ ရွေးယူသွားတာ။ သူခိုးက သိပ်ပါးတာပဲ။ ကျောက်အကြောင်းနားလည်တဲ့သူ ဖြစ်လိမ့်မယ်” ဟု ၎င်းက ပြောသည်။    

လက်ရှိတွင် အဆိုပါ ရတနာဆိုင်ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး မတ်လ (၇) ရက်က သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊တိုင်းရဲတပ်ဖွဲ့များနှင့် ခရိုင်ရဲမှူးကြီးကိုယ်တိုင် လာရောက်စစ်ဆေးပြီး ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

“KMS “စိန်ရွှေရတနာဆိုင်နှင့် “နှင်းဆီ” ကျောက်မျက်ရတနာ အရောင်းဆိုင်ဖောက်ထွင်းခံရမှုမှာ ပုံသဏ္ဍန်တူဖြစ်နေပြီး ဆိုင်နှစ်ဆိုင်လုံး၏ တံခါးသော့များအား အက်ဆစ်ဖြင့်စားကာ ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ယခုကဲ့သို ရန်ကုန်မြို့၏ အထင်ကရဈေးတစ်ခုဖြစ်ပြီး လုံခြုံရေးတင်းကြပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဈေးအတွင်းရှိ စိန်ရွှေရတနာ အရောင်းဆိုင် (၂) ဆိုင် တစ်ညတည်း ဖောက်ထွင်းခိုးယူခံရမှုနှင့် ပတ်သက်၍ ဝေဖန်များမြင့် တက်လျက်ရှိ​နေသည်။ 

မတ်လ (၃) ရက် ညပိုင်းက အလားတူ ဖောက်ထွင်းခိုးယူခံခဲ့ရသည့် “နှင်းဆီ” ကျောက်မျက် ရတနာ အရောင်းဆိုင်ပိုင်ရှင်ကလည်း ၎င်း၏ဆိုင်ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071