Tuesday, February 24, 2026

မြောင်းမြမြို့နယ် လဝက ရုံးမှ ဒေသခံများအား...

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံများအား နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်က ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။ အသက်ပြည့်မီပြီး...

တက္ကသိုလ်ဝင် စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊စိုက်ပျိုးရေး၊...

၂၀၂၅-၂၀၂၆ စာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူ ရေး ဘာသာတွဲဖြင့် ဧရာ၀တီတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ ၃၆၇...

ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်မီးလေ-ာင်  ၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

နှစ်လနီးပါးအတွင်း နိုင်ငံတဝန်း မီးလောင်မှု ၁၉၁...

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂၀ ရက်အထိ ကာလအတွင်း တစ်နိုင်ငံလုံးတွင် မီးလောင်မှု စုစုပေါင်း ၁၉၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း...
HomeNewsLocal Newsရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံ သံရုံးဖေဖော်ဝါရီ...

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံ သံရုံးဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းမည်

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို ယခုလဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အဆိုပါသံ ရုံးက ယနေ့တွင်ကြေညာထားသည်။

ထို့ကြောင့် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်များ အပါအ ဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နေထိုင်ခွင့်လက်မှတ်(residence permit -s)လျောက်ထားရန်အတွက် Ban.Kon [email protected] or viisumi. ban@ gov.fi အီးလ်မေးသို့ ဆက်သွယ်ရန်အသိပေးထားပြီး ဗီဇာနဲ့ သက်ဆိုင်သောဝန်ဆောင် မှုများအတွက် ဂျာမနီနိုင်ငံက ကိုယ်စားလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခြားကိစ္စရပ်များနှင့် ပတ်သက်၍ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာဌာနကိုဆက်သွယ်နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောင်းမြမြို့နယ် လဝက ရုံးမှ ဒေသခံများအား နိုင်ငံ သားစိစစ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံများအား နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား လဝက ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်က ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။ အသက်ပြည့်မီပြီး မှတ်ပုံတင်မရှိသေးမှုများ၊ ပျောက်/ပျက်၊ မိတ္တူလျှောက်ထားမှုများ၊ သန်းခေါင်စာရင်း အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်မှုများ၊ မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်းထုတ်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ One Stop Service ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့် မှတ်ပုံတင်ကတ်ပြားနှင့် Unique ID နံပါတ်ပါကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းစီထံ...

တက္ကသိုလ်ဝင် စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာတွဲဖြင့် ဧရာ၀တီတိုင်းမှ ကျောင်းသား၊ကျောင်းသူ ၃၆၇ ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၅-၂၀၂၆ စာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူ ရေး ဘာသာတွဲဖြင့် ဧရာ၀တီတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ ၃၆၇ ဦး ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးထံမှ သိရသည်။ အသစ်ထည့်သွင်းလိုက်သည့်ဘာသာတွဲများမှာ (၁)မြို့ပြပုံဆွဲဘာသာတွဲ၊(၂)လျှပ်စစ်ဘာသာတွဲ၊(၃) စက်မှုဘာသာတွဲ၊(၄)စိုက်ပျိုးရေးဘာသာတွဲ၊ (၅)မွေးမြူရေးဘာသာတွဲများဖြစ်ပြီး ဘာသာတွဲများအလိုက် ပုသိမ်၊ကန်ကြီးထောင့်၊ကြံခင်း၊မအူပင်၊ညောင်တုန်း၊ဒေးဒရဲစသည့်စာစစ်ဌာန ၆ ခုတွင် ဖြေဆိုကြရမည်ဖြစ်ကြောင်းသိရသည်။ ဖြေဆိုမည့်သူများသည် မတ်လ ၁၁ရက်နေ့တွင် ကျင်းပမည့် Grade 12 တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများနှင့်တစ်ရက်ထဲ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုရမည်ဟု သိရသည်။ ထို့ပြင် လာမည့်ပညာသင်နှစ် (ဇွန်လ)...

ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်မီးလေ-ာင်  ၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ- ကန်ဇွန်းမသွားကားလမ်းဘေးရှိ "ဖူးသိမ့်"ဆီဆိုင်တွင် မီးလေ-ာင်မှုဖြစ်ပွား၍ ဆိပ်ဖြူမြို့နယ်မီးသတ်စခန်း၊ ချောက်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ည ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071