Saturday, May 2, 2026

မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်

ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။ အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ...

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊...
HomeNewsLocal Newsရန်ကုန်မြို့တွင်းကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

ရန်ကုန်မြို့တွင်းကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

ကားလမ်းများလမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်မှာကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၂ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ရေနုတ်မြောင်းနှင့် ပလက်ဖောင်းကြား၌ အရိပ်ရပင်များစိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်း၊ တပင်ရွှေ ထီးလမ်း၊ ကနောင်မင်းသားကြီးလမ်း၊ ခရေပင်လမ်းတစ်လျှောက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရေးဆောင်ရွက်ထားမှု၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းတစ်လျှောက် ရေနုတ်မြောင်းများအဆင့်မြှင်တင်လျက်ရှိမှု၊ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားတိုင်များအားရွှေ့ပြောင်းထားမှုနှင့် လမ်းများအဆင့်မြှင့်တင်တိုးချဲ့ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း၊ ပြည်လမ်း၊ နွယ်ခွေလမ်းမှတဆင့် အမှတ်(၃)လမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းတစ်လျှောက် လမ်းနယ်အတွင်းကျူးကျော်ရောက်ရှိနေသည့် အခိုင်အမာအဖီအဆွယ်ဈေးဆိုင်ခန်းများအား စနစ်တကျဖြစ်စေရေးနှင့် လမ်းနယ်နိမိတ်ပြင်ပသို့ ပြန်လည်ရွှေ့ပြောင်းပြီးစီးမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် နိုင်ငံတော်သမ္မတက ကားလမ်းများလမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေး၊ လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရေးဆောင်ရွက်ရန် မှာ ကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်

ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။ အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ လျှပ်စစ်ဓါတ်အားပို့လွှတ်ပေးနေသော ၃၃ကေဗွီဓါတ်အားလိုင်းတိုင်များဖြစ်ကြောင်း သိရသည်။ ကျိုက်လတ်-မအူပင် ၃၃ကေဗွီ ဓါတ်အားလိုင်းသည် ယနေ့ ညနေပိုင်းတွင် တိုက်ခတ်သည့်လေကြောင့် သစ်ပင်ပိ၍ အိုင်၀ိုင်း /တိုးမာလာလမ်းထိပ်တွင် ၃၃ကေဗွီ တိုင်၄လုံးကျိုးသွားပါသဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း မအူပင်မြို့နယ်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက ဖော်ပြထားသည်။ ``မီးတိုင်တွေကျိုးပြီးလမ်းပေါ်ကိုဓါတ်ကြိုးတွေကျနေတယ်၊ လမ်းလည်းပိတ်နေတယ် ၊ တိုးမာလာလမ်းထိမ်မှာပါ "ဟု မအူပင်မြို့မှ ဒေသခံတစ်ဦးက ပြောကြောင်းသိရသည်။ မအူပင်မြို့တွင် မေလ (၂)ရက်နေ့၊ ညနေပိုင်း၌...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ ၂ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးရာ၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လှိုင်သာယာမြို့နယ်သန့်ရှင်းသာယာလှပဖို့၊ ရေစီးရေလာများကောင်းမွန်ဖနု့နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင်အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ရဲ့မြို့ပြစနစ် စနစ်တကျဖြစ်စေဖို့အတွက် Town Plan ကိုစနစ်တကျတွက်ချက်ရေးဆွဲဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ရန်၊ ရန်ကုန်မြို့အတွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအင်ဂျင်နီယာဌာနများမှ တာဝန်ရှိသူများ ကွင်းဆင်းသုတေသနပြုဆောင်ရွက်ရန်၊ ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာမှုရှိစေရေးအတွက်...

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက ယင်းသင်္ဘောအား အခမဲ့လွှဲပြောင်းပေးနိုင်မည့် ဝန်ကြီးဌာန၏ အမိန့်ဒီကရီကို ထောက်ခံပေးခဲ့ပြီးနောက် အီတလီအထက်လွှတ်တော်က ယင်းအစီအစဉ်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ လွှတ်တော်၏ အတည်ပြုချက်ရရှိပြီးဖြစ်၍ သင်္ဘောလွှဲပြောင်းပေးအပ်ခြင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရန် မျှော်မှန်းထားပြီး အင်ဒိုနီးရှားရေတပ်တွင် တရားဝင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဂယ်ရီဘောလ်ဒီ သင်္ဘောသည် တစ်ချိန်က အီတလီရေတပ်၏ ထင်ရှားသောသင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ဘော်လ်ကန်ဒေသရှိ နေတိုးစစ်ဆင်ရေးများနှင့် စစ်အေးတိုက်ပွဲအလွန် တပ်ဖြန့်မှုများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071