Wednesday, July 22, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်...

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr....

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ် ခန့်အပ်လွှာကို...

ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်...

ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း...

လားရှိုးမြို့တွင် ဆိုင်ကယ်ဘေးတွဲတပ်ဆင်အသုံးမပြုရန် အသိပေး၊ ဖေ-ာက်ဖျ-က်ပါက...

လားရှိုး၊ ဇူလိုင်-၂၂ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်အသုံးပြုခြင်း မပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၂...
HomeMoviesရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး...

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေ

လျှပ်စစ်ပြတ်တောက်မှုများကြောင့် လှည်းကူးဓာတ်အားလိုင်းမှ ယာယီဓာတ်အားပေးကာ ရေတွန်းစက်ကြီးများ မောင်းနှင်ပေးလျက်ရှိ

ရန်ကုန်၊ဇူလိုင်-၂၂

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ရန်ကုန်မြို့နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ရေအရင်းအမြစ် (၃) ခုဖြစ်သည့် လှော်ကားရေလှောင်ကန်၊ငမိုးရိပ်ရေသန့်သင်စက်ရုံ(ညောင်နှစ်ပင်) နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့မှ အဓိကထား မောင်းနှင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေအရင်းအမြစ် (၃) ခုရှိ ရေတွန်းစက်ကြီးများ မောင်းနှင်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားကို လှော်ကားမဟာဓာတ်အားခွဲရုံခွဲမှ ရယူလျက်ရှိရာ ယခု ဇူလိုင်လဆန်းပိုင်းမှစ၍ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် ဓာတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ရေတွန်းစက်ကြီးများ ပုံမှန်မောင်းနှင်နိုင်ခြင်း မရှိခဲ့ဘဲ၊ လက်ရှိတွင် လှည်းကူးဓာတ်အားလိုင်းမှတစ်ဆင့် ယာယီဓာတ်အား ရယူကာ ရေပေးဝေမှုလုပ်ငန်းများအား ပြန်လည်ပတ်နိုင်ရန် လျင်မြန်စွာ စီမံဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေပေးဝေမှုလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံးပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ မိဘပြည်သူများအနေဖြင့် ရေရရှိမှုနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာ ရှိပါက သက်ဆိုင်ရာ ခရိုင်အလိုက် ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom က ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ် ခန့်အပ်လွှာကို ယနေ့ ဇူလိုင် ၂၂ ရက်နံနက်ပိုင်းတွင်ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ကာဇက်စတန်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ဝါတွင်းတရားပွဲများ ကျင်းပမည်

ရန်ကုန်၊ဇူလိုင်-၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တရားပွဲများကို ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်နေ့) မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) အထိ စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ပြုလုပ်မည်ဖြစ်သည်။ ဥပုသ်နေ့တိုင်းတွင် နံနက် ၁၀ နာရီခွဲ၌ သီလပေးတရားတော်များ နာယူခြင်း၊ မွန်းလွဲ ၁၂ နာရီခွဲနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071