Tuesday, May 19, 2026

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း...

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC...

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ...

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်...

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။        "ပြည်သူတွေက ဒီရုံးမှာလာပြီးတော့...

မေ ၂၆ ရက် တစ်ရက်အတွက်...

နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီး စဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsရန်ကုန်မြို့တွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာ

ရန်ကုန်မြို့တွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာ

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးမပျက်သလောက်ဖြစ်သည်အထိ မီးရချိန် ပိုတိုးလာကာ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“မီးမပြတ်တာကြာပြီ။ သူတို့ break downဖြစ်တဲ့ခဏပဲ ပြတ်တယ်။ ပြတ်ရင်လည်း ခဏပဲ။ ပြီးရင် ပြန်ပေးထားတယ်”ဟု သာကေတမြို့နယ်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

နွေရာသီကာလအတွင်း၌မူ အပူချိန်မြင့်တက်သည့်ကာလဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အား အသုံးပြုမှုများခဲ့ခြင်းကြောင့် ဓာတ်အားမလုံလောက်မှုဖြစ်ပြီး လျှပ်စစ်မီးပုံမှန်ပေးနိုင်ရန် အခက်အခဲများရှိခဲ့သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

ယခုနောက်ပိုင်းတွင် အပူချိန်အနည်းငယ်လျော့ကျလာခြင်း၊ လျှပ်စစ်ဝန်အား သုံးစွဲမှု လျော့နည်းခြင်းတို့ကြောင့် ဓာတ်အား ဖြန့်ဝေမှုပိုင်းတွင် ရန်ကုန်မြို့၌ လိုင်းအပြစ်ဖြစ်သည်မှလွှဲ၍ ဓာတ်အားကို ပုံမှန်ပေးပို့လျက်ရှိသည်ဟုလည်း သိရသည်။

“ဒီကြားထဲမှာတော့ Load Flowအရ မြို့နယ်တချို့မှာ Plan Load Shedဆောင်ရွက်ထားရတာလေးတွေရှိရင်တော့ ခဏပျက်တာတွေရှိမယ်၊ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ဖြန့်ဖြူးပေးနေတယ်” ဟု ၄င်းက ဆိုသည်။

မေလ ၁၄ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်တွင်မူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ယင်းတနေ့တာအတွက် ၇၁၄၃၄.၁ မဂ္ဂါဝပ်နာရီ ရှိခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း လိုအပ်သည့် လျှပ်စစ်ဓာတ်အားဝန်အားကိုသာ သုံးစွဲခြင်း၊ မီးလုံးအပိုများကို ပိတ်ခြင်း၊ စနစ်တကျချွေတာပါက တဖက်တလမ်းမှ ကူညီပေးရာရောက်မည်ဟုလည်း အကြံပြုပြောထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည်...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မေလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆” အခမ်းအနား၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာမှုနှင့်အတူ တရုတ်ဒူးရင်းသီးဈေးကွက်တွင် ဝေစုရရှိနိုင်ရေး ရည်မှန်း၍ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း...

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်  

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။        "ပြည်သူတွေက ဒီရုံးမှာလာပြီးတော့ သူတို့ရဲ့အခက်အခဲတွေ ၊ လိုအပ်ချက်တွေကိုလာရောက်တင်ပြလို့ရပါတယ် ၊ ကျွန်တော်တို့ကိုယ်စားလှယ်တွေက တင်ပြတဲ့အခက်အခဲတွေကိုဖြေရှင်းပေးမယ် ၊ ညှိနှိုင်းပေးမယ်´´ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်ရုံးတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။ ``ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ကစပြီး ရုံးထိုင်နေပါပြီ ။ ပြည်သူတွေအနေနဲ့သိချင်တာရှိရင် လာရောက်မေးမြန်းလို့ရပါတယ် ၊ လိုအပ်တာရှိရင်လည်း လာရောက်တင်ပြလို့ရပါတယ်  " ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071