ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
ထိုသို့ ဖြန့်ဖြူးပေးရာ၌ ရန်ကုန်တိုင်း၏ အရှေ့ပိုင်း၊ အ နောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်နေထိုင်သူများအား နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းကို အုပ် စု(A,B) ခွဲ၍ အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ည ၉ နာရီမှ နောက်နေ့နံနက် ၅ နာရီအတွင်းကိုမူ အလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကိုအပြည့်အဝဖြန့်ဖြူးပေးလျက်ရှိရာ ယင်း အချိန်တွင် စ တင်ဓာတ်အားပေးချိန်၌ တစ်ပြိုင်နက်ဝန်အားသုံးစွဲမှုများဖြစ်ပေါ်ကာ ဓာတ်အားစနစ်တည်ငြိမ်မှုအခက်အခဲများရှိသဖြင့် ဝန်အားထိန်းညှိဖြန့်ဖြူးရသဖြင့် ဓာတ် အားစတင်ရရှိချိန်အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။
ထို့အတူ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသယ်ယူဖြန့်ဖြူးမှု၊ ဓာတ်အားစနစ်အခြေအနေနှင့် ရုံးဖွင့်ရက်/ရုံး ပိတ်ရက်သုံးစွဲဝန်အားအပေါ်မူတည်၍ ဓာတ်အားဖြန့်ဖြူးရရှိမှုအပြောင်းအလဲ(အတိုး/အလျော့)ရှိနိုင်ကြောင်း သိရသည်။