မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံငလျင်ကော်မတီတို့က ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အသိပညာပေး လက်တွေ့ဇာတ် တိုက်လေ့ကျင့်မှုကို စက်တင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ခန်းတွင် တက္ကသိုလ်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ကျောင်း သား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအနေဖြင့် ဘေးကင်းရာသို့ စနစ်တကျ ရှောင်တိမ်းခြင်း၊ အရေးပေါ်ရှေးဦးသူ နာပြုစုခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်မှုသည် ရန်ကုန်တက္က သိုလ်တွင် ငလျင်ဘေးအန္တရာယ်အတွက် ပထမဆုံးအကြိမ် လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုဖြစ်ပြီး အရေးပေါ်အခြေအနေများ၌ တက္ကသိုလ်အသိုက်အဝန်းအနေ ဖြင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
လေ့ကျင့်မှုအပြီးတွင် တက္ကသိုလ်တာဝန် ရှိသူများ၊ မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်ကျောင်းသား၊ကျောင်းသူများက လေ့ကျင့်မှုအတွင်း တွေ့ရှိရသည့် အားသာချက်၊ အားနည်း ချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်အရေးပေါ်အခြေအနေများအတွက် ပိုမိုထိရောက်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
