ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊
ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
DEMU ရထား၏ အားသာချက်များ
ယခုပြေးဆွဲသည့် DEMU ရထားတွဲဆိုင်းများသည် ခေတ်မီနည်းပညာသုံး ရထားများဖြစ်သည့်အတွက် ခရီးသည်များအတွက် သက်သောင့်သက်သာရှိစေခြင်း၊ ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ခြင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိခြင်း စသည့် အားသာချက်များကြောင့် ရထားခရီးသွားပြည်သူများအကြား ရေပန်းစားလာမည်ဟု မျှော်လင့်ရသည်။
