ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးပေါ်၌ Hiace ကားတိမ်းမှောက်ခဲ့မှု ယနေ့ အောက်တိုဘာ ၆ ရက်မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကျောင်းကုန်းမြို့နယ်၊ လက်ပံချောင်ကျေးရွာအုပ်စု၊ ထိပ်အုပ်ကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီး ၏ မိုင်တိုင်အမှတ်(၈၅)တွင် Hiace ကားတိမ်းမှောက်ခဲ့သဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျောင်းကုန်းမြို့နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
