လာမည့် ဖေဖော်ဝါရီလမှစတင်ပြီး ရထားလက်မှတ်ကို အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အွန်လိုင်းမှတဆင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်များအတွက် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းမှတဆင့် ရထားလက်မှတ်ယူခြင်းကို ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နှင့် ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဥ်များဖြစ်သည့် အမှတ် ၇ အဆန် နှင့် ၈ အစုန် ရထား ၊ အမှတ် ၃၁ အဆန် နှင့် ၃၂အစုန် ရထားခရီးစဥ်အတွက် စတင်ရောင်းချပေးမည်ဖြစ်သည်။
အွန်လိုင်းမှတဆင့် ရထားလက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက် ၃ ရက် ကြိုတင်ဝယ်ယူရမည်ဖြစ်သည်။
အွန်လိုင်းမှ ဝယ်ယူထားသည့် ရထားလက်မှတ် e-Receipt ကို ရထားမထွက်ခွာမှီ ၁ နာရီအလို ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာတွင် လဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။
