Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsရတနာပုံတက္ကသိုလ်(မန္တလေး)၌ အထူးပြုဘာ သာရပ်...

ရတနာပုံတက္ကသိုလ်(မန္တလေး)၌ အထူးပြုဘာ သာရပ် ၂ ခုထပ်တိုးဖွင့်လှစ်သင်ကြားသွားမည်

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မည့် (၂၀၂၂- ၂၀၂၃)ပညာသင်နှစ်အတွင်း (၂၀၂၂)ခုနှစ် တက္က သိုလ်ဝင်တန်းအောင်မြင်သူများ လျှောက်ထားနိုင်သည့် နေ့သင်တန်းအထူးပြုဘာသာရပ် ၂ ခုအား ထပ်တိုးဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

နေ့သင်တန်းအထူးပြုဘာသာရပ် ၂ ခုအား စာကြည့်တိုက်နှင့်သုတပညာဌာနမှ Records and Archives Management(မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)ဘာသာရပ်နှင့်ပထဝီဝင်ဌာနမှ Environmental Studies(သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ)ဘာသာရပ်တို့ဖြစ်သည်။

တက်ရောက်အောင်မြင်သူများသည် B.A (Records and Archives Management) ဝိဇ္ဇာဘွဲ့ (မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)၊ B.A (Hons.)(Records and Archives Management) ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ (မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)၊(B.ES. Environmental Studies)ဝိဇ္ဇာဘွဲ့ (သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ)၊B.ES(Hons.)(Environmental Studies) ဝိဇ္ဇာ (ဂုဏ်ထူးဘွဲ့ )(သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့ လာမှုပညာ)ဘွဲ့များပေးအပ်သွားမည်ဖြစ်သည်။
 
(B.A)ဘွဲ့အား ၄ နှစ်နှင့် (Hons.)ဘွဲ့အား ၅ နှစ် စာ သင်နှစ်တစ်နှစ်လျှင် ပညာသင်ကာလ ၂ ကြိမ်တက်ရောက်ရမည်ဖြစ်ပြီး (Records and Archives Management)ဘာသာရပ်၌ ကျောင်း သား၊ကျောင်းသူ ၅၀ ဦးနှင့်(Environmental Studies)ဘာသာရပ်၌ ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ် သည်။
 
Records and Archives Management (မှတ် တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ)ဘာသာရပ်အား မှတ်တမ်းများထိန်းသိမ်းရာ၌ စနစ်တကျထိန်းသိမ်းနိုင်စေရန်၊လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် Environmental Studies (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ) ဘာသာရပ်အား သဘာဝနှင့်လူသားအရင်းအမြစ်များ စနစ်တကျစီမံခန့်ခွဲမှုကို အားပေးနိုင်စေရန်နှင့် အနာဂတ်ကာလတွင် ပတ်ဝန်းကျင်ဆိုင်ရာ ရေ ရှည်တည်တံ့မှုကိုဖော်ဆောင်ပေးနိုင်မည့် လူ့အဖွဲ့ အစည်းအားအရည်အသွေးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်(မန္တလေး)တွင် အထူးပြုဘာ သာရပ် ၂၅ ခုအား သင်ကြားပို့ချလျက်ရှိရာမှ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်မှစတင်၍ အထူးပြုဘာသာရပ် ၂ ခုထပ်တိုးခဲ့သဖြင့် (စုစုပေါင်း အ ထူးပြုဘာသာရပ် ၂၇ ခု)ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071