Monday, December 15, 2025

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...
HomeNewsLocal Newsရခိုင်ပြည်နယ်တွင်နေထိုင်ခဲ့ကြောင်း အတည်ပြုနိုင်သူ(၂)သိန်းခန့်နှင့်ပတ်သက်သည့်အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့...

ရခိုင်ပြည်နယ်တွင်နေထိုင်ခဲ့ကြောင်း အတည်ပြုနိုင်သူ(၂)သိန်းခန့်နှင့်ပတ်သက်သည့်အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ခဲ့ပြီးဖြစ်

လူ့အခွင့်အရေးကောင်စီ၏ (၅၉)ကြိမ်မြောက်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုမူကြမ်း အ တည်ပြုချမှတ်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံ၏ရပ် တည်ချက်အဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ ဇူလိုင် ၇ ရက်ကထုတ်ပြန်ချက်ထွက်​ပေါ်လာသည်။

AA အဖွဲ့၏တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသူ များပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှောင့်နှေးလျက်ရှိကာ မြန်မာအစိုးရအနေဖြင့် လုံခြုံရေးအ ခြေအနေများပြန်လည်ကောင်းမွန်လာသည်နှင့် နှစ်နိုင်ငံသဘောတူညီချက်များအရ စိစစ်အတည်ပြုပြီးသူများအားလုံးကို ပြန်လည်လက်ခံရန်အသင့်ရှိခြင်းကို ထပ်လောင်းအတည်ပြုသည်ဟု ရေးသားဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်အထိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်အ တည်ပြုပြီးသူ(၂၇၄,၀၉၃)ဦးအနက် ရခိုင်ပြည်နယ်တွင်နေထိုင်ခဲ့ကြောင်း အထောက်အထားဖြင့် အ တည်ပြုနိုင်သူ(၁၉၄,၁၇၅)ဦးရှိ၍ ယင်း အချက်အ လက်များနှင့် အသေးစိတ်တွေ့ရှိချက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပေးပို့ခဲ့ပြီးဖြစ်သည်ဟု ရေး သားဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပ ဒေပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို နိုင် ငံသားအဆင့်အတန်းပေးအပ်လျက်ရှိသော်လည်း နိုင်ငံတော်၏ဥပဒေနှင့် သမိုင်းမှတ်တမ်းအထောက် အထားများတွင် မည်သည့်အခါကမျှမရှိခဲ့သော“ရိုဟင်ဂျာ”ဆိုသည့် လုပ်ကြံဖန်တီးထားသော အသုံး အနှုန်းကို အသိအမှတ်မပြုကြောင်း အလေးအနက် ထပ်လောင်းပြောကြားသည်ဟု ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် အုပ်ချုပ်မှုဆိုင်ရာဖွဲ့စည်းပုံလုပ်ငန်းစဉ်များတွင် ဘာသာရေး၊ လူမျိုးရေးမရွေး နိုင်ငံသားများပါဝင်မှုကို ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေပြဋ္ဌာန်းခြင်းသည် အချုပ်အ ခြာအာဏာပိုင်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်အာဏာအတွင်း၌သာကျရောက်သဖြင့် ဆုံးဖြတ် ချက်အဆိုတွင်ပါဝင်သော တောင်းဆိုချက်ကို လက် ခံနိုင်မည်မဟုတ်ဟုလည်း ရေးသားဖော်ပြထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071