Tuesday, May 20, 2025

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့်...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား ယနေ့မေလ(၂၀)ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း...

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့်...

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊...

ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့...

ငလျင်ဘေးသင့် ဒေသများကို ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအဖွဲ့ကို တရုတ်အစိုးရမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင်...

စင်္ကာပူတွင် HIV ပိုးကူးစက်သူ ၁၅၁...

စင်္ကာပူ၊ မေ ၂၀ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ခုခံစွမ်းအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဖြစ်ပွားသူ အသစ် ၁၅၁ ဦးကို တွေ့ရှိရ ကြောင်း...
HomeInternationalယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်--တရုတ်

ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်–တရုတ်

ပေကျင်း၊ဧပြီ ၁၈

ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။

လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက ပြင်းပြင်းထန်ထန်ရှုံ့ချမည်ဖြစ်သည်ဟုလည်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံစုံမူဝါဒကိုကာကွယ်နိုင်ရန်အတွက် ကျန်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရန်ကြိုးပမ်းနေပြီး အမေရိက၏ ကိုယ်ကျိူးစီးပွားကာကွယ်ရေး မူဝါဒကို တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။

“အမေရိကဟာ နိုင်ငံတွေကို အပြင်းအထန်ဖိအားပေးနိုင်ဖို့ အခွန်ကိစ္စကို လက်နက်တစ်ခုလိုအသုံးချနေခြင်းဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ဘက်စုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေခဲ့ပါတယ်” ဟုလည်းတရုတ်ကဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းကမူ ပေကျင်းသည် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာပလက်ဖောင်းအမျိုးမျိုးကိုအသုံးပြုကာ တစ်ဖက်သတ်ဝါဒနှင့်အနိုင်ကျင့်ခြင်း၏အန္တရာယ်များကိုဆွေးနွေးသွားမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် ကျောင်းတော်အား ရှင်းလင်းမှုများ စတင်လုပ်ဆောင်

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား ယနေ့မေလ(၂၀)ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းမှုများလုပ်ဆောင်ရာ၌ သိမ်တော်ကြီး အပါအဝင် သံဃာသီတင်း သုံးဆောင်(၃)ဆောင်ကို ရှင်းလင်းလျက်ရှိပြီး အခြားအဆောင်များအား အတွေ့အကြုံရှိ အင်ဂျင်နီယာများက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ကူညီဆောင်ရွက်မှုအား TSBM အဖွဲ့က လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး၊ ယင်းလင်းရှင်းမှုများလုပ်ဆောင် မေလ (၁၈) ရက်မှစတင်၍ မန္တလေးမြို့မှ မင်းကွန်းတောင်ရိုးသို့ စက်ယန္တယားများဖြင့် ‌ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့် ထူးဆန်းသော ကမ္ဘာ့အခြေအနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊ ငါတို့မှာ ငြိမ်းချမ်းရေးသမ္မတ (ဒေါ်နယ်ထရမ့်) ရှိတယ်။ <…> တကယ်တော့ ပုပ်ရဟန်းမင်းကြီး (လီယို ၁၄)ရဲ့ မစ္ဆားတရားပွဲ မဟောမီနေ့က ကျွန်တော်တွေ့ဆုံခဲ့တဲ့ အသင်းတော်ဂိုဏ်းအုပ် တစ်ဦးက 'ဒါကကျွန်တော်တို့အတွက် အလွန်ထူးဆန်းတယ်။ အမေရိကန်သမ္မတက ငြိမ်းချမ်းရေးကိုလိုလားနေပြီး ဥရောပသားအချို့က စစ်တိုက်ရေးအကြောင်းကို အဆက်မပြတ်ပြောနေကြတယ်' လို့ပြောခဲ့တယ်။ ဒါကြောင့် သူတို့စိတ်ထဲမှာ ကမ္ဘာကြီးဟာ အခုအချိန်မှာ...

ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းသို့ ပြန်လည်ရောက်ရှိ

ငလျင်ဘေးသင့် ဒေသများကို ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအဖွဲ့ကို တရုတ်အစိုးရမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင် လုပ်ငန်းတာဝန်များကို တစ်လကြာအောင်မြင်စွာ ဆောင်ရွက်ပြီးဆုံးခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအဖွဲ့သည် လွန်ခဲ့သည့် တစ်လအတွင်း မန္တလေးတွင် ကွင်းဆင်းလေ့လာရေးများ ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နမူနာယူပြီးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနည်းများကို ညွှန်ကြားပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071