Thursday, February 19, 2026

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှုများပြားဆဲဖြစ် ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့်...

ဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန်...

ဒီယေဂိုဂါးရှားကျွန်း ငှားရမ်းမှုနှင့်ပတ်သက်၍ဗြိတိန်ကိုထရမ့်ပ်ဝေဖန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် အိန္ဒိယသမုဒ္ဒရာရှိ ချားဂိုးစ်ကျွန်းစုတွင် တည်ရှိပြီး အမေရိက-ဗြိတိန်တို့အတွက် အဓိကကျသော စစ်အခြေစိုက်စခန်းဖြစ်သည့် ဒီယေဂိုဂါးရှားကျွန်းကို ဗြိတိန်၏ ငှားရမ်းမှုအစီအစဉ်သည် "အမှားကြီးတစ်ခု"...
HomeInternationalယူအက်စ်လဝကအချုပ်ခန်းတွင် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး ‌ေ-သဆုံး

ယူအက်စ်လဝကအချုပ်ခန်းတွင် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး ‌ေ-သဆုံး

         
အင်ဒီယားနားရှိ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန(အိုင်စီအီး) တွင် ထိန်းသိမ်းထားသူတစ်ဦးသည် ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် ‌ေ-သဆုံးခဲ့ကြောင်းနှင့် ‌ေ-သဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အိုင်စီအီးက ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ ‌ေ-သဆုံးမှုသည် ၂၀၂၆ ခုနှစ်အတွင်း ဖက်ဒရယ်လဝကအချုပ်အနှောင်တွင် ၇ ဦးမြောက် ‌ေ-သဆုံးမှုဖြစ်လာခဲ့သည်။
         
အသက် ၅၉ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား မစ္စတာ လော့သ်ဆင်းမ်ကို မိုင်ယာမီ စာရိတ္တပြုပြင်ထိန်းသိမ်းရေးဌာနတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ အချုပ်ခန်းအတွင်း မည်သည့်တုန့်ပြန်မှုမှမရှိတော့သည့် အနေအထားဖြင့် ၎င်းကို ဝန်ထမ်းများက တွေ့ခဲ့သည် ဟု အိုင်စီအီးက သတင်းထုတ်ပြန်ချက်တွင် ရေးသား ဖေါ်ပြထားသည်။
          
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုအရ အိုင်စီအီး၏ ထိန်းသိမ်းခံရသူ အရေအတွက်သည် စံချိန်တင်မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် သေဆုံးမှုသည်လည်း ဆယ်စုနှစ် နှစ်ခုအတွင်း အမြင့်ဆုံးသို့ မြင့်တက်လာခဲ့သည်။ မစ္စတာထရမ့်ပ် ရာထူးတာဝန်စထမ်းဆောင်စဉ်က အိုင်စီအီးတွင် ထိန်းသိမ်းခံထားရသူ ၄၀,၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီလအစောပိုင်းအထိတွင် ၆၈,၀၀၀ ခန့်အထိ ရှိလာခဲ့သည်။
      
မစ္စတာဆင်းမ်သည် ၁၉၈၃ ခုနှစ်တွင် ဒုက္ခသည်တစ်ဦးအဖြစ် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အမြဲတမ်းနေထိုင်ခွင့်ရသူတစ်ဦးဖြစ်လာခဲ့ကြောင်း အိုင်စီအီးက ဆိုသည်။
         
သူသည် ဒီဇင်ဘာလတွင် ဘော်စတွန်၌ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း အိုင်စီအီးက ပြောဆိုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးတရားသူကြီးတစ်ဦးက သူ့ကို ကမ္ဘောဒီးယားသို့ နှင်ထုတ်ရန် ၂၀၀၆ ခုနှစ်တွင် အမိန့်ချထားခဲ့သည်ဟု ဆက်လက်ပြောကြားခဲ့သည်။ မစ္စတာဆင်းမ်သည် ယခင်က စည်းကမ်းမဲ့မှု၊ မလျော်ကန်သောအပြုအမူနှင့် ခိုးမှုတို့ဖြင့် ဆိုင်းငံ့ပြစ်ဒ-ဏ်နှင့် လွတ်ငြိမ်းခွင့်ခံယူခဲ့ရကြောင်း အိုင်စီအီးက ပြောကြားခဲ့သည်။
         
ဒီမိုကရက်များနှင့် လူ့အခွင့်အရေးအဖွဲ့များက အိုင်စီအီး ထိန်းသိမ်းရေးစခန်းများရှိ အခြေအနေများကို ဝေဖန်ခဲ့ပြီး ထိုအခြေအနေများသည် လူသားမဆန်ဟု မှတ်ချက်ပြု ပြောကြားခဲ့ကြသည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ

သင်္ဘောစီး ခရီးသည်များလည်းရှိနေသေးသဖြင့် သင်္ဘောအသုံးပြုမှုများပြားဆဲဖြစ် ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ထားသည့် ဒလတံတား ဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေသည့် ခရီးသည်အရေအတွက်မှာ များပြားနေဆဲဖြစ်ကြောင်း သိရသည်။ ဒလတံတား ဖွင့်လှစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေတိုးတက်လာခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့နှင့် ဒလမြို့အကြား နေ့စဉ် လုပ်ငန်းသွားလာသူများ၊ သင်္ဘောစီးခြင်းကို အလေ့အထဖြစ်နေသူများနှင့် ခရီးသွားအချို့က ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များကို ဆက်လက် အသုံးပြုနေကြောင်း သိရသည်။ ခရီးသည်အချို့က သင်္ဘောစီးရာတွင် ကုန်ကျစရိတ် သက်သာခြင်း၊ သွားလာရာ လွယ်ကူမှုနှင့် မြစ်မြင်ကွင်းကြည့်ရှုနိုင်ခြင်းတို့ကြောင့် သင်္ဘောအသုံးပြုမှု မလျော့သေးကြောင်း...

ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်မည်–ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အသစ် တာရစ်ရာမန်သည် သူ၏ ပါတီက အပြ-တ်အသ-တ်အနိုင်ရရှိခဲ့သော လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ မွတ်ဆလင်တို့၏ မြင့်မြတ်သော ရမ်ဇာန်လအတွင်း ကုန်ဈေးနှုန်းများကို တည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေးနှင့် အခြေခံအဆောက်အဦးပြုပြင်ပြောင်းလဲရေးကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာနှင့် လုပ်ကြံခံခဲ့ရသော သမ္မတဟောင်း ဇိုင်ယာရာမန်တို့၏ သားဖြစ်သည့် အသက် ၆၀ အရွယ် ရာမန်သည် အင်္ဂါနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တိုင်းပြည်အတွက် အရေးကြီးသောအချိန်တွင် ရာထူးတာဝန်ထမ်းဆောင်ခဲ့ရသည်။ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ရုပ်သံမှတဆင့် ရာမန်က ဥပုသ်လအစ ရမ်ဇာန်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကုန်သည်များအနေဖြင့် အမြတ်ကြီးစားမလုပ်ကြရန် သတိပေးခဲ့သည်။ ဆန်၊ စားသုံးဆီ၊...

ဗင်နီဇွဲလားယာယီသမ္မတနှင့်ယူအက်စ် တောင်ပိုင်းတိုင်းမှူးဆွေးနွေး

ကာရာကတ်စ်/ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီ ဂေး သည် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဖရန်စစ် ဒိုနိုဗန် နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရနှင့် အမေရိကန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ပြောကြားခဲ့ပသည်။ ကာရာကတ်စ်မြို့တွင် ပြုလုပ်သည့် ရိုဒရီ ဂေးနှင့် ဒိုနိုဗန်တို့၏ တွေ့ဆုံမှုအတွင်း ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖေ-ာက်ကားမှုနှင့် အကြမ်းဖက်မှုများကို ပူးတွဲတိုက်ဖျက်ရန် ဗင်နီဇွဲလားနှင့် အမေရိက တို့ သဘောတူညီခဲ့ကြကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071