ယူကရိန်းအား ဘိုင်ဒန်မှ စစ်ရေးအကူအညီ ဒေါ်လာသန်း ၁၀၀ ပေးမည်

ဝါရှင်တန်၊ မေ ၂၀
ယူကရိန်းအနေဖြင့် ရုရှားကျူးကိုတန်ပြန်နိုင်ဖို့ အမေရိကန်က နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးပို့သွားမည်ဟုအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က ကြာသပတေးနေ့ (မနေ့က)ထုတ်ပြန်ခဲ့သည်။
စစ်ပွဲအစကတည်းကလည်း အမေရိကန်ကယူကရိန်းကို လက်နက်မျိုးစုံ ပံ့ပိုးပေးခြင်းဖြင့် ကူညီခဲ့ခြင်းဖြစ်ပြီး ထိုသို့ စစ်ရေးအကူအညီများ ပေးပို့ရန် ဘိုင်ဒန် ကသူ၏Presidential Drawdown Authority (PDA) ကို ဆယ်ကြိမ်မြောက် အသုံးပြုခဲ့သည်။
ပီဒီအေ သည် အရေးပေါ်အခြေအနေမျိုးတွင်လွှတ်တော်၏ခွင့်ပြုချက်မလိုဘဲ လက်နက်များအား လွှဲပြောင်းနိုင်ရန် သမ္မတ အား ခွင့်ပြုထားခြင်းမျိုးဖြစ်သည်။
ပဋိပက္ခစတင်ကတည်းက ယူကရိန်းကို အမေရိကန်မှ လက်နက်အကူအညီ စုစုပေါင်း ဒေါ်လာ ၃.၉ ဘီလီယံခန့် ကူညီထားပြီဖြစ်ကြောင်း ဘလင်ကန်ကပြောကြားခဲ့သည်။
Source: Wionews

