Wednesday, December 17, 2025

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...
HomeInternationalယူကရိန်းနှင့်ရုရှား ဂျုံတင်ပို့မှု MoU...

ယူကရိန်းနှင့်ရုရှား ဂျုံတင်ပို့မှု MoU ရေးထိုးရန်ရှိ

ယူကရိန်းနှင့်ရုရှား ဂျုံတင်ပို့မှု MoU ရေးထိုးရန်ရှိ

အန်ကာရာ၊ဇူလိုင် ၂၂

ယူကရိန်းနှင့်ရုရှား တို့သည် ပိတ်ဆို့ခံထားရသည့် ပင်လယ်နက်ဂျုံတင်ပို့မှုကြောင့် ဖြစ်လာသော ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို လျှော့ချရန်ရည်ရွယ်၍ လိပ်ခဲတဉ်းလဉ်းဖြစ်နေသောသဘောတူညီချက်တစ်ရပ်ကို သောကြာနေ့ (ဇူလိုင် ၂၂ ရက်) တွင် လက်မှတ်ရေးထိုးမည်ဟုသိရသည်။

စစ်မက်ဖြစ်ပွားနေသော နှစ်နိုင်ငံအကြား ပထမဆုံးသဘောတူညီချက်ကိုရခြင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအချို့တွင် လူများငတ်မွတ်ခေါင်းပါးမှုကိုရင်ဆိုင်နေရ၍ဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဘော့စဖိုရပ်စ် ရေလက်ကြားရှိ အစ္စတန်ဘူလ်၏ခမ်းနားထည်ဝါသော Dolmabahce နန်းတော်တွင် ကျင်းပပြုလုပ်မည့်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတက်ရောက်ရန် ကြာသပတေးနေ့တွင် တူရကီနိုင်ငံသို့ရောက်ရှိမည်ဟုသိရှိရသည်။

“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးပါ‌ တဲ့ ဂျုံတင်ပို့မှုသဘောတူညီချက်ကို သမ္မတအာဒိုဂန်အပါအဝင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်တို့နဲ့အတူ ယူကရိန်းနဲ့ရုရှားကိုယ်စားလှယ်‌ေတွက သောကြာနေ့ကျရင် အစ္စတန်ဘူလ်မှာလက်မှတ်ရေးထိုးကြမယ်” ဟု တူရကီခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင်ကတွစ်တာတွင်ရေးသားခဲ့သည်။

ယူကရိန်းဆိပ်ကမ်းများတွင် ဂျုံနှင့်အခြားကုန်တန်ချိန် ၂၅ သန်းအထိ ရုရှားစစ်သင်္ဘောများနှင့် ရေမြှုပ်မိုင်းများဖြင့် ပိတ်ဆို့ခံထားရပြီး ကိဗ်သည်ကြောက်မက်ဖွယ်ကောင်းသော ကုန်းလမ်းရေလမ်းနှစ်သွယ် တိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက်မတင်ပို့နိုင်ဖြစ်ခဲ့ရသည်။

နှစ်ဦးနှစ်ဖက် ချောင်ပိတ်မိနေသော အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက်လုံးမှ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များနှင့်အတူ တူရကီနှင့်ကုလသမဂ္ဂအရာရှိများပါဝင်ဆွေးနွေးသည့် ပထမဆုံးတိုက်ရိုက်ဆွေးနွေးပွဲတွင် ကနဦးမူကြမ်းတစ်ရပ်ကိုသ‌ေဘာတူခဲ့ပြီး တရားဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်စလုံးသည် ယခုသီတင်းပတ်အတွင်း ထပ်မံတွေ့ဆုံရန် ရည်ရွယ်ထားကြသည်။

သို့သော် ရုရှားသမ္မတပူတင်က ၎င်းနိုင်ငံအတွက်ပိတ်ဆို့ထားသော ဂျုံတင်ပို့မှုအတွက်လည်း သဘောတူညီချက်တစ်စုံတစ်ရာရရှိရန် မျှော်လင့်ကြောင်း၊ ထိုသို့ဖြစ်မလာပါက ဆွေးနွေးပွဲနှောင့်နှေးလိမ့်မည်ဟု အင်္ဂါနေ့ကဆိုခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က၎င်းအနေဖြင့် ပူတင်၏စိုးရိမ်မှုများကို အသိအမှတ်ပြုကြောင်း ကြာသပတေးနေ့ကဆိုသည်။ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းက “ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ယူကရိန်းရဲ့ ဂျုံနဲ့နေကြာဆီ တင်ပို့မှုလမ်းကြောင်းကိုသာ ဖွင့်‌ပေးတာမဟုတ်ပဲ ရုရှားကထွက်ကုန်တွေအတွက်ပါ ပွင့်လာမှာပါ” ဟုဆိုသည်။

“ဒီရုရှားထုတ်ကုန်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုမရှိဘူးဆိုရင်တောင် ရေကြောင်းပို့ဆောင်ရေး၊ အာမခံနဲ့ဘဏ်စနစ် စတာတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့မှုတွေကရှိနေပါတယ်” ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်နဲ့အီးယူကလည်း ဒါတွေကို ရုပ်သိမ်းဖို့ ကတိပေးထားပါတယ်” ဟုဆိုသည်။

နေတိုးအဖွဲ့ဝင် တူရကီသည် ပဋိပက္ခကာလတစ်လျှောက် မော်စကိုနှင့်‌သာမက ကိဗ် နှင့်ပါ ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ဆွေးနွေးပွဲ၏ယူကရိန်းကိုယ်စားလှယ်တစ်ဦးကမူ ကုန်ပစ္စည်းပို့ဆောင်မည့် သင်္ဘောများကိုယူကရိန်း၏ထိန်းချုပ်မှုအောက်မှပင် ဆိပ်ကမ်းသုံးခုမှပြန်လည်စတင်နိုင်‌တော့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုစစချင်းအချိန်တွင် Odessa ၊ Pivdennyi နှင့် Chornomorsk စသည့်ဆိပ်ကမ်း ၃ ခုဖြင့် စတင်နိုင်မည်ဖြစ်ကာ နောက်ပိုင်းတွင်ထပ်မံတိုးချဲ့နိုင်မည်ဟုမျှော်လင့်ကြောင်း ယူကရိန်းအမတ် Rustem Umerov က သတင်းထောက်များအားပြောကြားခဲ့သည်။အစ္စတန်ဘူလ်အခြေစိုက် ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့မှ သင်္ဘောများ၏ဘေးကင်းရေးကို ကြီးကြပ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

သဘောတူညီချက်၏ တောင်းဆိုချက်တစ်ရပ်အနေဖြင့် ရုရှားသင်္ဘောများကို ယူကရိန်းရေပိုင်နက်အတွင်းသို့ ဝင်ခွင့်မပြုသင့်ကြောင်းလည်း Umerov က ပြောကြားခဲ့သည်။

“အကြောင်းကတော့ ကုလနဲ့သဘောတူလက်မှတ် ရေးထိုးထားရင်တောင်မှ ကျွန်တော်တို့က သူတို့ကိုမယုံပါဘူး။သူတို့က ရန်လိုတတ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ပါပဲ” ဟု၎င်းကဆိုသည်။

Source – AFP/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071