Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalယူကရိန်းတွင် နျူနှင့်ဓာတုလက်နက်များ အသုံးမပြုရန်ပူတင်အား...

ယူကရိန်းတွင် နျူနှင့်ဓာတုလက်နက်များ အသုံးမပြုရန်ပူတင်အား ကန်သမ္မတသတိပေး

ယူကရိန်းတွင် နျူနှင့်ဓာတုလက်နက်များ အသုံးမပြုရန်ပူတင်အား ကန်သမ္မတသတိပေး

မကြာသေးမီက ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတဗလာဒီမာပူတင်အား ယူကရိန်း၌နည်းဗျူဟာမြောက်နျူကလီးယား ( သို့) ဓာတုလက်နက်များအသုံးမပြုရန်သတိပေးခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်းက ယူကရိန်းစစ်မြေပြင်၌ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသဖြင့် သမ္မတပူတင်အနေဖြင့် နည်းဗျူဟာအရ နျူလက်နက်များထုတ်သုံးရန်စဉ်းစားနေနိုင်သဖြင့် သမ္မတဘိုင်ဒင်ကယခုပဲ့သို့သတိပေးလိုက်ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

“အခုလိုလုပ်ဖို့စဉ်းစားနေတယ်ဆိုရင် မလုပ်ပါနဲ့၊ရပ်လိုက်ပါ အဲ့လိုမှမဟုတ်ရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြစ်သမျှစစ်ပွဲတွေရဲ့ အသွင်အပြင်ကိုရုရှားကပြောင်းလိုက်သလိုဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းကအင်တာဗျူးတွင် ပြောကြားခဲ့သည်။

အကယ်၍သမ္မတပူတင်အနေဖြင့် သတိပေးထားသည့်ကြားမှ ယင်းသို့လုပ်ဆောင်လိုက်ပါက မည်သို့ဖြစ်လာနိုင်သည်နှင့်ပတ်သက်၍ သမ္မတဘိုင်ဒင်က “သတိပေးနေတဲ့ကြားက ဒီလိုလုပ်မယ်ဆိုရုရှားဟာ ကမ္ဘာပေါ်မှာအပယ်ခံနိုင်ငံတစ်နိုင်ငံဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

“ဘာဖြစ်လာမယ်ဆိုတာနဲ့ပတ်သက်ပြီး အတိအကျမပြောနိုင်ပါဘူး၊ဒါပေမယ့်အကျိုးဆက်ကိုတော့ ကျိန်းသေပေါက်ရင်ဆိုင်ရမှာပါ၊သေချာတာကတော့ သူတို့ဟာကမ္ဘာပေါ်မှာ အရင်ကထက်ပိုပြီးအပယ်ခံတွေဖြစ်လာပါလိမ့်မယ်၊သူတို့လုပ်လိုက်တဲ့လုပ်ရပ်ရဲ့အတိုင်းအတာပေါ်မူတည်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးတွေဖြစ်ပေါ်လာမယ်ဆိုတာကို အခြေနေကပဲဆုံးဖြတ်ပေးပါလိမ့်မယ်” ဟု ကန်သမ္မတကပြောကြားခဲ့သည်။

“သမ္မတပူတင်က သူကိုယ်တိုင်ပဲသူ့ဘာသာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပိုပြီးဝေးကွာသွားအောင်လုပ်နေတာပါပဲ၊အခုအချိန်မှာ ယူကရိန်းအပေါ်လုပ်ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဲ့ဒီကိစ္စတွေကိုလျစ်လျူရှုပြီး ရုရှားနဲ့ပုံမှန်အတိုင်း စီးပွားကူးသန်းရောင်းဝယ်မှုလုပ်ရမယ့်အချိန်မဟုတ်ပါဘူး” ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ၏ မဟာဗျူဟာမြောက်ဆက်သွယ်ညှိနှိုင်းရေးမှူး John Kirby ကပြောကြားခဲ့သည်။

ထို့ပြင်ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း အိန္ဒိယနှင့်တရုတ်တို့က ရုရှားကို ပြောကြားမှုများသည် ကမ္ဘာကြီး၏စိုးရိမ်ပူပန်မှုများကိုထင်ဟပ်နေကြောင်းလည်း ပြောကြားခဲ့သည်။အိန္ဒိယနှင့် တရုတ်တို့‌ေပြာသမျှစကားတိုင်းသည် ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း၏စိုးရိမ်မှုများကိုထင်ဟပ်နေပါတယ်ဟုလည်း မစ္စတာဘလင်ကန်ကဆိုခဲ့သည်။

ရုရှားက ယူကရိန်းသို့ဝင်ရောက်ခဲ့ချိန် ယခုနှစ်အစောပိုင်းမှစကာ ရုရှားဘက်မှအသာစီးရခဲ့သည်မှာ သိသာထင်ရှားသော်လည်း မကြာသေးမီအချိန်ကတိုက်ပွဲများက ရုရှားအတွက်ခြောက်ခြားစေခဲ့မည်မှာမလွဲနိုင်ပါဟုလည်းဆိုသည်။

ယူကရိန်းတပ်များရေရှည်ခုခံမှုများကြောင့် ခါကိဗ်ဒေသမှရုရှားတပ်များအား ဆုတ်ခွာသွားအောင်လုပ်နိုင်ခဲ့သည်။သမ္မတဇလန်းစကီး၏ပြောကြားချက်အရ ယူကရိန်းသည် ယခုတစ်လတည်းမှာပင် နိုင်ငံ၏ပိုင်နက် ၈,၀၀၀ စတုရန်းမီတာ (၃,၁၀၀ စတုရန်းမိုင်) ကျော်ကို လွတ်မြောက်အောင်ကြိုးပမ်းနိုင်ခဲ့သည်ဟု သိရှိရသည်။အဆိုပါအောင်ပွဲများအားလုံးသည် ခါကိဗ်ဒေသ၏ အရှေ့မြောက်ဒေသတစ်ဝိုက်တွင်ဖြစ်ကြောင်းသိရှိရသည်။

Source –Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071