Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeInternationalယူကရိန်းကို နျူကလီးယားလက်နက်များပေးရန် ဇလန်းစကီး...

ယူကရိန်းကို နျူကလီးယားလက်နက်များပေးရန် ဇလန်းစကီး တောင်းဆို

အကယ်၍ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ခွင့်မပြုပါက အနာဂတ်တွင် ရုရှားထံမှ မိမိကိုယ်ကို ကာကွယ်ရန် အခြားနည်းလမ်းတစ်ခု လိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမီးရ် ဇလန်းစကီး က ရုရှားနှင့် စစ်ပွဲအခြေအနေတင်းမာသော အဆင့်ကာလ များပြီးဆုံးသည်နှင့် ယူကရိန်းကို နျူကလီးယားလက်နက်များ ပေးအပ်သင့်သည်ဟု အင်္ဂါနေ့က အကြံပြုခဲ့သည်။စစ်ပွဲပြီးဆုံးသည့်အခါ ယူကရိန်းနိုင်ငံ၏ နေတိုး အဖွဲ့ဝင်ဖြစ်ရန် ရည်မှန်းချက်ချက်ချင်း မဖြစ်နိုင်ပါက၊ ဤသို့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားခြင်းသည် ရုရှားက ယူကရိန်းကို ထပ်မံကျူးကျော်ခြင်းမှ ဟန့်တားနိုင်မည်ဖြစ်သည်။

အင်တာဗျူးတစ်ခုတွင် ဇလန်းစကီး က နေတိုးအဖွဲ့ တွင်ပါဝင်ခြင်းလုပ်ငန်းစဉ်သည် “နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပါက ကျွန်ုပ်တို့တွင် မေးခွန်းတစ်ခု သာရှိသည်- ဒီကံဆိုးမှုကနေ ငါတို့ကို ဒီကာလတစ်လျှောက်လုံးအတွက် ဘယ်အရာက ခုခံကာကွယ်ပေးမှာလဲ။” “ဘယ်လို ထောက်ခံမှုအစီအစဉ်မျိုးလဲ? ဘယ်လိုဒုံးကျည်မျိုးလဲ? ကျွန်ုပ်တို့ကို နျူကလီးယားလက်နက်များ ပေးမလား? ဒါဖြင့် သူတို့ နျူကလီးယားလက်နက်များ ပေးလိုက်ပါစေ။” လို့ပြောကြားထားသည်။

ယူကရိန်းသည် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် နျူကလီးယားလက်နက် သိုလှောင်မှုကို အမွေဆက်ခံခဲ့သော်လည်း ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့ထံမှ လုံခြုံရေး အာမခံချက် ရရှိပြီးနောက် ၁၉၉၄ ခုနှစ်တွင် နျူကလီးယားလက်နက် သိုလှောင်မှုကို စွန့်လွှတ်ခဲ့ရသည်။

“နျူကလီးယားလက်နက်တွေ ပြန်ပေးလိုက်ပါ။ ကျွန်တော်တို့ကို ဒုံးကျည်စနစ်တွေ ပေးပါ” ဟု ဇလန်းစကီး က ပြောကြားခဲ့သည်။ “မိတ်ဖက်များ- ကျွန်ုပ်တို့၏ စစ်တပ် ၁ သန်းကို ငွေကြေးထောက်ပံ့ကူညီပေးပါ။ ပြည်သူပြည်သားများ အေးချမ်းသာယာမှု ရှိစေရေးအတွက် တည်ငြိမ်အေးချမ်းမှုကို လိုချင်တဲ့ ကျွန်တော်တို့ ပြည်နယ်ရဲ့ ဒေသတွေကို သင့်တို့တပ်များ ရွေ့ပြောင်းနေရာချထားပေးပါ။”

ဇလန်းစကီး က ဒီလို အကြံပြုတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ 2024 ခုနှစ် အောက်တိုဘာလတွင် ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် သို့မဟုတ် နျူကလီးယားလက်နက်များ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရန်အတွက် ပြတ်သားစွာ လိုလားကြောင်း ဖော်ပြခဲ့သည်။

Ref: ပေါ်လီတီကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071