Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeNewsFootballယမန်နေ့ အသက် (၁၅)...

ယမန်နေ့ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင်

ဒီဇင်ဘာ (၂၈)ရက်၌ အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ရန်ကုန်မြို့ MFF Training Field 1 နှင့် 2 တွင် စတင်ယှဉ်ပြိုင်လျက်ရှိသည်။

ယမန်နေ့ Week-1အဖွင့်ပွဲစဉ်တွင် Royal Yangon FC အသင်းနှင့် The Honour FCအသင်းတို့ ယှဉ်ပြိုင်ကစားရာ Royal Yangon FC အသင်းက (၇)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည်။

ထို့အတူ Mingalardon City FCအသင်းနှင့် Yangon Focus FCအသင်းတို့ယှဉ် ပြိုင်ကစားရာ Yangon Focus FC အ သင်းက (၂)ဂိုးသွင်းယူ၍ တစ်ဂိုးအသာဖြင့် အနိုင်ရရှိခဲ့သ ည်။

ပြိုင်ပွဲအား အသင်း (၁၂) သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ Week-1ပွဲစဉ် များကို MFF Training Field (1)နှင့် (2)၌ ယှဉ် ပြိုင်ကစားနေခြင်းလည်းဖြစ်သည်။

အဆိုပါ FIFA-MFF U15 Boys League 2024-2 025 (ရန်ကုန်ဇုန်) ပြိုင်ပွဲသို့ The Honour FC၊ Mingalardon City FC၊ Southern Yangon Star FC၊ Burmese Youth FC၊ Artharwady FC၊ Golden Light FC၊ Mya Thida FC၊ Mar Rein FC၊ Yangon Taungzalatt FC၊ Shwe Phi Thar FC၊ Yangon Focus FC၊ Royal Yangon FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ဖီဖာလမ်းညွှန်ချက်များနှင့်အညီ နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း အဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ ကို ကမ္ဘာကျော်အဆိုတော် ရှာကီရာ မိတ်ဆက်

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai" ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။ ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser)...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့် ဖြစ်ပေါ်သည့် သိပ္ပံနည်းကျဖြစ်စဉ်ဖြစ်ကြောင်း MASES အသိပေး

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရပြီး ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သည်။ ယင်းဖြစ်စဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဒုံးပျံပျံတက်သွားစဉ် စွန့်ထုတ်ခဲ့သည့် လောင်စာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာရသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်းက အသိပေးထားသည်။ အဆိုပါ အလင်းတန်းမှာ အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးဌာန (ISRO) မှ ဂြိုဟ်တုနည်းပညာသုံး ကိရိယာများ တင်ဆောင်လွှတ်တင်လိုက်သည့် ဒုံးပျံမှ...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်၊ မေလ ၈ ရက်၌ စောင်ရေ ၁၉,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးစံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ တစ်ပတ်တာအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှု မေလ ၁ ရက်မှ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များ ဖြစ်သောကြောင့် အရောင်းအဝယ် နားခဲ့သော်လည်း ကျန်ရက်များတွင် အရှိန်အဟုန်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည် - မေ ၄ ရက်: ကျပ် ၈၅ သန်းကျော် (၁၇,၁၅၆ စောင်)မေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071