Thursday, April 30, 2026

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ...

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့်...

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅...
HomeNewsLocal Newsယနေ့ ဧပြီ ၃၀...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 
ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊ ပြည်သာယာလမ်း၊ အလုံမြိုနယ်၊ စောရန်ပိုင်အ နောက်ရပ်ကွက်၊ ကျောက်လမ်းတို့တွင်လည်း သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြကာ ဖြစ်စဥ်များတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မတလျှောက်ထား

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀) ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအားလျှောက်ထားခဲ့ခြင်းဖြစ်သည်။  ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဥ်တစ်စိုက်ကြိုးပမ်းအားထုတ်တော်မူကြကုန်သော ပရိယတ္တိဝန်ဆောင်၊ ပရိပတ္တိဝန် ဆောင်ဆရာတော်များက နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့်ချီးမြှင့်ထောက်ပံ့ခြင်း၊ နိုင်ငံ တော်အစိုးရနှင့် ပြည်သူတို့က ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးလှူဒါန်းထောက်ပံ့ခြင်းတို့ပြုလုပ်လျက်ရှိကြသည်ဟု...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ တာဝန်ရှိသူများနှင့် မြန် မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများတက်ရောက်ကြည် ညိုခဲ့ကြပြီး ပိဋကတ်(၃)ပုံကို မင်္ဂလာဆင်ဖြူတော်ဖြင့်ပင့်ဆောင်ပြီး ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ လှိုဏ်ဂူတော်အားလှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတက ဆဋ္ဌသင်္ဂါယနာတင်အောင် ပွဲနှစ်(၇၀)ပြည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071