Tuesday, June 2, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြို့သို့ရောက်ရှိ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက နယူးဒေလီမြို့မှတစ်ဆင့် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ မွမ်ဘိုင်းမြို့၊ Chhatrapati Shivaji...

မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း...

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၁၅၈) ကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံးစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်၌...

AYA Tri Nation Cup...

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင်...

မော်လိုက်မြို့နယ်၌ အခြေခံပညာကျောင်း (၁၄) ကျောင်းဖွင့်လှစ်...

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်း (၁၄) ကျောင်းကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အခြေခံပညာမူလတန်း၊...
HomeNewsLocal Newsယခုပညာသင်နှစ်တွင်ကျောင်းအပ်နှံသည့် ကျောင်း သား/သူဦးရေ...

ယခုပညာသင်နှစ်တွင်ကျောင်းအပ်နှံသည့် ကျောင်း သား/သူဦးရေ ၅ ဒသမ ၈ သန်းနီးပါးရှိ၊

ယခင်နှစ်ထက် ကျောင်းအပ်နှံသူ သုံးသိန်းကျော်ပိုမိုများပြား

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား/သူ (၅,၇၉၈,၇၂၅) ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ကချင်ပြည်နယ်တွင် (၁၉၁,၃၀၇) ဦး၊ ကယားပြည်နယ်တွင် (၁၁,၈၉၂) ဦး၊ ကရင်ပြည်နယ်တွင် (၂၁၈,၅၆၀) ဦး၊ ချင်းပြည်နယ်တွင် (၂၃,၀၁၀) ဦး၊ စစ်ကိုင်းတိုင်းတွင် (၂၂၅,၃၇၄) ဦး၊ တနင်္သာရီတိုင်းတွင် (၂၀၅,၈၉၀) ဦး၊ ပဲခူးတိုင်း (အရှေ့) တွင် (၄၇၈,၆၉၀) ဦး၊ ပဲခူးတိုင်း (အနောက်) တွင် (၂၆၃,၄၀၃) ဦး၊ မကွေးတိုင်းတွင် (၄၁၆,၆၉၁) ဦး ရှိကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းတွင် (၇၈၄,၃၅၈) ဦး၊ မွန်ပြည်နယ်တွင် (၃၃၇,၃၂၈) ဦး၊ ရခိုင်ပြည်နယ်တွင် (၂၄,၃၈၁) ဦး၊ ရန်ကုန်တိုင်းတွင် (၉၄၉,၄၄၁) ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် (၃၂၇,၀၈၉) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် (၁၁၇,၅၆၁) ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် (၈၆,၇၀၇) ဦး၊ ဧရာဝတီတိုင်းတွင် (၉၅၀,၁၈၁) ဦး၊ နေပြည်တော်တွင် (၁၈၆,၈၆၂) ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့် ကျောင်း သား/သူ (၅,၇၉၈,၇၂၅) ဦး ရှိခဲ့ရာ ယမန်နှစ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်က (၅,၄၇၁,၃၁၆) ဦး သာရှိခဲ့၍ ယခုပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၃၂၇၄၀၉ ဦး ပိုမိုများပြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား/သူများအား နိုင်ငံတော်အစိုးရမှာ ကျောင်းသုံးဖတ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးခဲ့သည့်နည်းတူ ကျောင်းအပ်နှံရာတွင်လည်း အခမဲ့အပ်နှံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြို့သို့ရောက်ရှိ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက နယူးဒေလီမြို့မှတစ်ဆင့် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ မွမ်ဘိုင်းမြို့၊ Chhatrapati Shivaji Maharaj International Airport သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား  မဟာရာ့ရှ်ထရာပြည်နယ်မှတာဝန်ရှိသူများ၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၁၅၈) ကျောင်းတွင် ပထမဆုံးနေ့၌ ကျောင်းသား/သူ (၁၅,၀၀၀) ဦး ခန့်စတင်တက်ရောက်

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၁၅၈) ကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံးစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်၌ ကျောင်းသား/သူ (၁၅,၀၀၀) ဦးခန့် စတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်း၌ အခြေခံပညာကျောင်း (၁၄၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃) ကျောင်းတွင် ဇွန် ၁ ရက်အထိ ကျောင်းသား/သူ (၂၈,၁၅၉) ဦး အပ်နှံခဲ့ကြပြီး ပထမဆုံးကျောင်းဖွင့်သည့်နေ့တွင် ကျောင်းသား/သူ (၁၄,၀၇၃) ဦး စတင်တက်ရောက်ခဲ့ကြောင်း...

AYA Tri Nation Cup 2026 ပြိုင်ပွဲအပြီး ပွဲကြည့်ပရိသတ်များ ညအိမ်အပြန်အဆင်ပြေစေရန် YBS ယာဉ် (၂၅) စီး ပြေးဆွဲပေးမည်

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် အထူးအစီအစဉ်အဖြစ် YBS မော်တော်ယာဉ် (၂၅) စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘောလုံးပွဲအပြီး ည (၇) နာရီခွဲအချိန်တွင် မော်တော်ယာဉ်များ စတင်ထွက်ခွာပေးမည်ဖြစ်ကာ မိမိတို့စီးနင်းလိုသည့် လမ်းကြောင်းအလိုက် သတ်မှတ်ထားသော ဂိတ်ပေါက်များအနီးတွင် အလွယ်တကူ စီးနင်းနိုင်ရန် စီစဉ်ထားရှိကြောင်း အသိပေးထားသည်။ ပြေးဆွဲပေးရာတွင် လမ်းကြောင်းအုပ်စု (၅) စုခွဲ၍ ယာဉ်လိုင်းတစ်စုလျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071