Monday, June 23, 2025

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် မှ...

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် ကုမ္မဏီ လီမိတက် နှင့် GCL System Integration Technology Co., Ltd. (GCL SI)...
HomeNewsLocal Newsယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ...

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံး၊ ရွှေဟင်္သာနှင့် ရင်ကွဲစသည့် သရက်သီးမျိုးကွဲများကို စီးပွားဖြစ်စိုက်ပျိုးပြီး အခြားဒေသများတွင်လည်း မျိုးကွဲအနည်းငယ်ကို ကိုယ်တိုင်စားသုံးရန်အတွက် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြရာ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်တွင် ဒုတိယအများဆုံးစိုက်ပျိုးလျက်ရှိသည်။

ကျောက်ဆည်ခရိုင်၊ ဟံမြင်မိုရ်နှင့် ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်မှထွက်ရှိသည့် အရည်အသွေးအကောင်းဆုံး စိန်တလုံးသရက်သီးများသည် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ ထိုးဖောက်၍ ဈေးကွက် နေရာရရှိထားပြီးဖြစ်သည်။

ယခုနှစ်သရက်သီးရာသီတွင် သရက်အိတ်စွပ်ဈေးမြင့်တက်လာခြင်း၊ သွင်းအားစုများဈေးမြင့်တက်လာခြင်းကြောင့် သဘာဝအတိုင်းထွက်ရှိမည့် သရက်သီးကိုသာ ခူးဆွတ်မည်ဖြစ်သည့်အတွက် အထွက်နှုန်းနည်းနိုင်ကြောင်း သိရသည်။

စိန်တလုံးသရက်သီးသည် ဧပြီလမှစတင်၍ မေလနှင့် ဇွန်လ အထိထွက်ရှိပြီး ရောင်းဝယ်မှုအနေဖြင့် ပွဲစားများကခြံအထိလာရောက်ဝယ်ယူပြီး မန္တလေးနှင့် ရန်ကုန်ပွဲရုံများသို့တင်ပို့မှုရှိကာ အချို့ခြံရှင်များက ကိုယ်တိုင်မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချမှုရှိကြောင်းလည်း သိရသည်။

သရက်သီးဈေးနှုန်းအနေဖြင့် လတ်တလောတွင် အရည်အသွေးအလိုက် တစ်လုံးလျှင် အနိမ့်ဆုံးဈေး ကျပ် (၃၅၀) မှ (၄၀၀)၊ အမြင့်ဆုံးဈေး ကျပ် (၁၀၀၀) မှ (၁၅၀၀)ကျပ်ခန့်ရှိကြောင်း သိရသည်။

သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် သရက်ပြင်၊ သရက်သီးဆားစိမ်(ဆီစိမ်)၊ သရက်သီးအနှစ်၊ သရက်သီးခြောက်၊ သရက်ယိုနှင့် သရက်သီးအချဉ်ပေါင်းတို့ကို ထုတ် လုပ်ရောင်းချနေသည့် MSME လုပ်ငန်းရှင်များလည်းရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု ဆောင်ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှစီမံခန့်ခွဲလျက်ရှိသည့်ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့်ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071