ယခု စက်တင်ဘာ(၉၂)ရက်မှ အောက်တိုဘာ(၅)ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ (၆,၆၁၀)ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က ရောင်းချရမည် စျေးအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၂၂)ရက်မှ စက်တင်ဘာ(၂၈)ရက်အထိ တစ်ပတ်တာကာလာအတွင်း ရောင်းချရမည့်စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ကျပ်(၆၆၁၀) ဖြစ်သည်။
ဇူလိုင်လ ဒုတိယအပတ်မှစပြီး ဈေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လွင် စျေးအနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုစက်တင်ဘာလထဲတွင် ကျပ်(၆,၆၁၀) ဖြစ် ဈေးငြိမ်နေခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
