မွေးနေ့မှာ ဖြစ်ချင်တဲ့ ဆန္ဒလေးကို လုပ်လိုက်ရတဲ့ အတွက် ၀မ်းသာမိတယ် သရုပ်ဆောင်စိုးသီဟ
သရုပ်ဆောင်စိုးသီဟက သူ့ရဲ့မွေးနေ့အလှူ အဖြစ် တောင်ဒဂုံမြို့နယ်မှာရှိတဲ့ ရဟန်း၊ သံဃာတော်၊ မယ်သီလရှင် ၁၀၀ကျော် နေ့စဉ် သွားလာနေ တဲ့ လမ်းလေးကို ပြန်လည် ပြုလုပ်ပေးခဲ့ပါတယ်။ မွေးနေ့မှာ ကိုယ်တက်နိုင်သလောက် ကုသိုလ်ယူဖြစ်ခဲ့တဲ့ အကြောင်းကို လည်း အခုလိုပဲပြောပြခဲ့ပါတယ်။
“ကျွန်တော့်မွေးနေ့တိုင်းမှာ တကယ်မရှိတဲ့ ဆင်းရဲနွမ်းပါတဲ့သူတွေကို ရှာပြီး လိုက်လှူပေးဖြစ်တယ်။ အခုဒီမွေးနေ့မှာလည်း တောင်ဒဂုံမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူလုပ်ပေးဖြစ်တယ်။ဖြစ်ချင်တော့ အဲ့ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့ လမ်းလေး က ပျက်စီးနေတော့ ကျွန်တော်တက်နိုင်သလောက်လေး ပြုပြင်ပေးခဲ့ပါတယ်။ ဒီလိုမျိုးမွေးနေ့မှာ လုပ်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ဒီထက်လည်း အများကြီးအလုပ်တွေကြိုးစားပြီးလှူဒါန်းပေးသွားဦးမယ်။”လို့ပြောပါတယ်။
