စက်တင်ဘာ (၂၆)ရက်တွင် ကျင်းပပြုလုပ်မည့် ONE FF-126 ပွဲစဉ်တွင် မွေထိုင်း ထိပ်တန်းဖို-က်တာတစ်ဦးဖြစ်သည့် Sam A နှင့် ရိုးရာဖို-က်တာ သွေးလင်းထက်တို့ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ကြောင်း သိရသည်။
ရိုးရာဖို-က်တာ သွေးလင်းထက် ယှဉ်ပြိုင်ထိုးသ-တ်ရမည့် Sam A သည် တဝမ်ချိုင်း၊ စူပါလက်တို့ကဲ့သို့ ထိပ်တန်း ဖို-က်တာတစ်ဦးဖြစ်သည့်အပြင် မွေထိုင်းနှင့် ကစ်ဘောက်ဆင်ချန်ပီယံဟောင်းတစ်ဦးလည်းဖြစ်သည်။
“ဒီပွဲက သိပ်ပြီးမမျှတဘူးဆိုပေမယ့် ဒီပွဲက သွေးလင်းထက်အတွက် စာချုပ်တန်းဝင်ဖို့ တာဆူနေတဲ့လူငယ်ဖို-က်တာတွေကိုကျော်ပြီး၊ စာချုပ်တန်းဖို-က်တာနဲ့ စာမေးပွဲစစ်တာမို့ ဒီပွဲနိုင်ရင် သွေးလင်းထက်စာချုပ်တန်းရဖို့ ကျိန်းသေသလောက်ပါပဲ။ Sam A က အသက်ရွယ်ရလာသလို သက်လုံပိုင်းလည်း အားနည်းလာတာမို့ သွေးလင်းထက် အကောင်းဆုံးပြင်ဆင်ထားရင် ဖြတ်ကျော်နိုင်မယ်မြင်ပါတယ်”ဟု ရိုးရာလက်ဝှေ့က အသိုင်းအဝိုင်းဖြင့် နီးစပ်သူတစ်ဦးက သုံးသပ်ထားသည်။
ပြီးခဲ့သည့် ဩဂုတ် (၂၂)ရက်တွင် ကျင်းပခဲ့သည့် ONE Lumpinee-121 ပြိုင်ပွဲတွင် ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် ရိုးရာဖို-က်တာ သွေးလင်းထက်မှာ မွေထိုင်းဖို-က်တာ Chokpreecha ကို ဒုတိယအချီတွင် ဒိုင်ပေး မှတ်ဖြင့် အနိုင်ရခဲ့သေးသည်။
