Monday, June 8, 2026

၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့...

ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌...

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင်...

ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့်...

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက်...

ဗိုလ်ကျစိုးမိုးရေးဝါဒကိုပြုံယမ်း နှင့်အတူ တို-က်ဖျ-က်သွားမည်–ရှီ

      မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရန်သည် တရုတ်နိုင်ငံ၏ မယိမ်းယိုင်သော မူဝါဒဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများကို တို-က်ဖျ-က်ရန် အတူအကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က...
HomeNewsLocal Newsမွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်
၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ

အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ကြသည်။

ဟောပြောပွဲများကျင်းပခြင်း

ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

လက်ကမ်းစာစောင်နှင့် ပိုစတာများ

ဒေသခံများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပေးပိုစတာများကို ကပ်ခဲ့ကြသည်။

မြေစိုက်ပိုစတာများ စိုက်ထူခြင်း

လူစည်ကားရာ လမ်းဆုံလမ်းခွများနှင့် အချက်အချာကျသော နေရာများတွင် အသိပေးကြေညာချက် မြေစိုက်ပိုစတာများကို စိုက်ထူကာ အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို ကြိုတင်သတိပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ ရုရှားစီစဉ်နေ

ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရက်တီးယက်ဗ် (Nikita Kondratyev) က စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ရဲ့ ခေတ္တနားချိန်မှာ TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ "မလေးရှားနဲ့ အင်ဒိုနီးရှားကတော့ ဒီနှစ်အတွက် အဓိက ဦးစားပေးတွေပါ။ ကူဝိတ်နိုင်ငံကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီနိုင်ငံသုံးနိုင်ငံကတော့ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုအပိုင်းတွေကို အပြီးသတ်ချင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်"...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌ မိုးကြီးနိုင်

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင် ထုတ်ပြန်သည်။ ဇွန် ၈ ရက် ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊...

ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့် ဆက်လက်ရင်ဆိုင်ရမည်၊ ဖီဖာအဆင့်နှင့် အာဆီယံချန်ပီယံရှစ်အတွက် အာရုံစိုက်ကစားမည်ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ပြော

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက် ကစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားလိုက်သည်။ ဇွန်လ ၈ ရက် (ယနေ့) တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကစားသမားများအနေဖြင့် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေးများစွာ ရှိနေကြောင်းလည်း ဆိုသည်။ ပွဲကြီးပွဲကောင်း ဖြစ်လာမည့် မြန်မာနှင့် ဖိလစ်ပိုင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071