မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အထက (၇) ကျောင်းအနီး ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ရာ အနီးအနားရှိ ဆရာမနှင့် Grade 1 ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောင်းဆင်းချိန် အဆိုပါ Grade 1 ကျောင်းသားနှစ်ဦးကို မိဘများလာမကြိုသေးသဖြင့် ကုက္ကိုလ်ပင်ေအာက်တွင် ဆရာမမှကူညီစောင့်ဆိုင်းပေးနေစဉ် အဆိုပါ ကုက္ကိုလ်ပင်ကိုမိုးကြိုးပစ်ခဲ့ခြင်းဖြစ်သည်။
မိုးကြိုးဒဏ်ခံခဲ့ရသည့် ကလေးငယ်နှစ်ဦးမှာ Grade 1 တန်းတွင် တက်ရောက်ပညာသင်ကြားနေသူများဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသည့်ဆရာမနှင့် ကလေးနှစ်ဦးကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
