အဆိုပါထောက်ပံ့မှုကို မေလ (၂၈) ရက်မှ (၃၀) ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိကျေးရွာပေါင်း (၄၃) ရွာနှင့် ရပ်ကွက် (၂) ခုမှ အိမ်ထောင်စုပေါင်း (၃၈၅) စုထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ပေးအပ်ခဲ့သည့် ပစ္စည်းများမှာ
တစ်ကိုယ်ရည်သန့်ရှင်းရေးအမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း (၃၆၉) စုံ၊ အမျိုး သားနှင့် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၇၀၀ )ကျော်၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ အနွေးထည်၊ ဆိုလာမီး အိမ်နှင့် သောက်ရေထည့်ပုံးများ၊ အိမ် ဆောက်အထောက်အကူပြုပစ္စည်း (၃၈၅) စုံ၊ တာပေါ်လင်စ (၃၈၅) ခုနှင့် မီး ဖိုချောင်သုံးပစ္စည်းများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီသည့်အိတ် (၆၄) အိတ်တို့ကို ထောက်ပံ့ခဲ့ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။
အဆိုပါ ကူညီမှုများကို မြန်မာနိုင်ငံကြက် ခြေနီအသင်းအနေဖြင့် အပြည်ပြည်ဆိုင် ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးသင့်ပြည်သူများအတွက် “ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်း” (Unconditional Cash Grant) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြက်ခြေနီစေတ နာလုပ်အားရှင်များနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာများအတွင်း ကွင်းဆင်း၍ စနစ်တကျ ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
