Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမြောက်ကိုရီးယား သင်္ဘောတစ်စီး ရေပိုင်နက်နယ်နိမိတ်...

မြောက်ကိုရီးယား သင်္ဘောတစ်စီး ရေပိုင်နက်နယ်နိမိတ် ဖြ-တ်ကျေ-ာ်မှုကြောင့် တောင်ကိုရီးယား သတိပေးပ-စ်ခ-တ်

အငြင်းပွားဖွယ်ရာ ပင်လယ်နယ်နိမိတ်ကို ဖြ-တ်ကျေ-ာ်ဝင်ရောက်လာသော မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးကို တောင်ကိုရီးယားတပ်ဖွဲ့ဝင်များက တစ်နာရီခန့်ကြာသည်အထိ သတိပေးပ-စ်ခ-တ်မှုများပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တောင်ကိုရီးယားစစ်တပ်၏ ပြောကြားချက်အရ အဆိုပါ မြောက်ကိုရီးယားသင်္ဘောသည် ဒေသစံတော်ချိန် သောကြာနေ့ နံနက် ၅ နာရီခန့် (G.M.T. ည ၈ နာရီ) တွင် တောင်ကိုရီးယားနယ်စပ်ရှိ ဘယ်ယောင်းကျွန်း (Baengnyeong) အနီးရှိ မြောက်ပိုင်း ကန့်သတ်မျဉ်း (NLL) ကို ဖြတ်ကျော်ခဲ့ပြီး၊ ပင်လယ် နယ်နိမိတ်၏ တောင်ဘက်ခြမ်းတွင် တစ်နာရီကြာနေထိုင်ခဲ့ကာ ပိုင်းခြားထားသော မျဉ်း၏ တောင်ဘက် ၅ ကီလိုမီတာ (၃.၁ မိုင်) အထိပါ ကျော်လွန်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား ပူးပေါင်းစစ်ဦးစီးချုပ်ရုံး (JCS) က ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များက သတိပေးချက် ထုတ်ပြန်ကာ၊ သတိပေးပ-စ်ခ-တ်မှုများပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ကုန်တင်သင်္ဘောသည် ကျွန်ုပ်တို့၏ ပိုင်နက်ရေပြင်မှ ထွက်ခွာသွားခဲ့သည်” ဟု ပြောကြားသည်။

“ကျွန်ုပ်တို့ စစ်တပ်က မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး စစ်ဆင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ခဲ့သည်” ဟုလည်း JCS က ပြောသည်။

တောင်ကိုရီးယား စစ်တပ်က သတိပေးပ-စ်ခ-တ်မှု ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသင်္ဘောသည် တောင်ကိုရီးယား၏ ရေကြောင်းထိန်းချုပ်နယ်မြေမှ ထွက်ခွာသွားကြောင်း အာဏာပိုင်များက ပြောကြားသည်။ နယ်နိမိတ်ကျူးကျော်မှုဖြစ်ပွားစဉ် တောင်ကိုရီးယား ရေတပ်စစ်ရေယာဉ်တန်း သည် ထိုဧရိယာ၌ စစ်ဆင်ရေးများ လုပ်ဆောင်နေကြောင်းကိုလည်း ၎င်းတို့က အစီရင်ခံခဲ့သည်။

ဤဖြစ်စဉ်သည် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ဆွန်ဂယောင်း (Kim Son-gyeong) နယူးယောက်တွင် ကျင်းပမည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် စီစဉ်ထားချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယားဘက်မှမူ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

JCS က ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသင့်ပြင်ဆင်မှု အနေအထားကို ခိုင်မာစွာ ထိန်းသိမ်းထားမည်ဖြစ်ပြီး NLL ကို ကာကွယ်ရန် မည်သည့်အခြေအနေမျိုးကိုမဆို ပြ-တ်သားစွာ တုံ့ပြန်သွားမည်ဖြစ်သည်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

သောကြာနေ့ကဖြစ်ပွားခဲ့သော ဤဖြစ်ရပ်သည် မြောက်ကိုရီးယား သင်္ဘောတစ်စီးက NLL ကို ကျော်လွန်၍ ဝင်ရောက်လာခြင်းမှာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကလည်း မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးသည် ပိုင်းခြားမျဉ်းကို ချိုးဖေ-ာက်ခဲ့ပြီး တောင်ကိုရီးယား စစ်သင်္ဘော၏ သတိပေးပ-စ်ခ-တ်မှုကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ဖူးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071