Thursday, July 16, 2026

စစ်ဆင်ရေးကာလ(၁)ခန့်အတွင်း တပ်မတော်က ထန်တလန်မြို့နှင့် အနီးဝန်းကျင်အားအပြည့်အဝပြန်လည်သိမ်းပိုက်ထိန်းချုပ်

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့အား တပ်မတော်စစ်ကြောင်းများက ယနေ့ ဇူလိုင် ၁၆ ရက်တွင် အပြည့်အဝပြန် လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့အား...

မြန်မာ့ပဋိပက္ခအတွင်းရှိ အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရန် ပွင့်လင်းမှုရှိကြောင်း...

ဇူလိုင် ၁၅ ရက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် ညှိနှိုင်းရေးအဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းစစ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း...

ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူးတို့တွေ့ဆုံ

မြန်မာ-ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြား ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံ ဒု-သမ္မတဒေါ်နန်းနီနီအေးသည် ပဉ္စမအ ကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ)လင်ကျစ်မြို့သို့ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေစဥ်...

မြန်မာနိုင်ငံ၌ အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်သော...

မြန်မာနိုင်ငံ၌ အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်သော အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့်သားဖွားများမွေးထုတ်ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြော သည်။ နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင်...
HomeMoviesမြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး...

မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ပြော

မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်နေသည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် သူနာပြုသိပ္ပံ(နေပြည် တော်)အပါအဝင် တိုင်း၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ နိုင်ငံသားအားလုံးပညာရည်မြင့်မားပြီး ကျန်းမာကြံ့ ခိုင်ကြဖို့က ပဓာနကျပါတယ်။ ဒါ့ကြောင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအဆင့်မြှင့်တင်မှုလုပ်ငန်းတွေကို မူဝါဒတွေချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်”ဟု နိုင်ံတော်သမ္မတက ပြော သည်။

ထိုသို့ ဆောင်ရွက်ရာ၌ ပြည်သူလူထုကိုတိုက်ရိုက်အ ကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်ရန်၊ မြို့ပြနှင့် ကျေးလက်ပါမကျန် ဆင်းရဲချမ်းသာမရွေးလူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးကဏ္ဍအဆင့်မြှင့်တင်မှုကို ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြော သည်။

” အစိုးရသစ်ကာလမှာလည်း ကျန်းမာရေးကဏ္ဍအဆင့်မြှင့်တင်တာတွေကိုဆက်လက်လုပ်ဆောင်ပေးသွားမှာပါ။ ပြည်သူအားလုံးရဲ့ စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်ရေးကိုအလေးထားဆောင်ရွက်ပေးကြရပါမယ်။ အစိုး ရသစ်တာဝန်ယူနေတဲ့ ကာလတစ်လျှောက်လုံး ကျန်းမာ ရေးကဏ္ဍကိုမြှင့်တင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားတည်ဆောက်ပေးနေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် နိုင်ငံတော်အတွက်လိုအပ်နေသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေသော ဆေးတက္ကသိုလ်(၅)ခုနှင့်၂၀၂၃ ခုနှစ်က နေ ပြည်တော် Naypyitaw State Academy မှာ ဆေးပညာမဟာဌာနကြီး (Faculty of Medicine)ကိုထည့်သွင်းဖွင့်လှစ်ပေးနိုင်ခဲ့ရာ ယခုအချိန်၌ ဆေးတက္ကသိုလ်(၆)ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်(၁၁)ခုရှိပြီဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ဆင်ရေးကာလ(၁)ခန့်အတွင်း တပ်မတော်က ထန်တလန်မြို့နှင့် အနီးဝန်းကျင်အားအပြည့်အဝပြန်လည်သိမ်းပိုက်ထိန်းချုပ်

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့အား တပ်မတော်စစ်ကြောင်းများက ယနေ့ ဇူလိုင် ၁၆ ရက်တွင် အပြည့်အဝပြန် လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် ဇွန် ၁၂ ရက်မှစတင်၍ အဆင့်ဆင့်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ ဇူလိုင် ၁၆ ရက်တွင် ထန်တလန်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကာလ(၁)လခန့်အတွင်း အကြမ်းဖက်အဖွဲ့ဝင်များထံမှ အလောင်းများ၊ လက်နက်မျိုးစုံ ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက ချင်း ပြည်နယ်ရှိ ဆက်သွယ်ရေးလမ်းကြောင်းများအားဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအမြန်ဆုံးပြန်လည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရမှလည်း...

မြန်မာ့ပဋိပက္ခအတွင်းရှိ အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရန် ပွင့်လင်းမှုရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား

ဇူလိုင် ၁၅ ရက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် ညှိနှိုင်းရေးအဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းစစ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း ဘက်ပေါင်းစုံက အသိအမှတ်ပြုထားကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရှီဟာဆတ် ဖွန်းကေကျောက် က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် နောင်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ရန်နှင့် ကျင်းပမည့်နေရာ ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးပြီး သန်းနှင့်ချီသော ပြည်သူများ...

ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူးတို့တွေ့ဆုံ

မြန်မာ-ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြား ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံ ဒု-သမ္မတဒေါ်နန်းနီနီအေးသည် ပဉ္စမအ ကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ)လင်ကျစ်မြို့သို့ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေစဥ် ယနေ့ ဇူလိုင် ၁၆ ရက်ညနေပိုင်း၌ ဒု-သမ္မတဒေါ်နန်းနီနီအေးက တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူး မစ္စတာဝမ်ကျွန်းကျန်း အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြား ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ဗုဒ္ဓဘာသာစာပေ၊ သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်မှုများဖြင့် ခရီးစဉ်များဖော်ဆောင်ကာ ခရီးသွားကဏ္ဍတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့တွင် နည်းပညာများဖြန့်ဝေပေးနိုင်ရေး၊ တိုင်းရင်းဆေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071