ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။
“မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။ အဓိ ကကတော့ ကလေးတွေတက်နေတဲ့ စာသင်ကျောင်းတွေကို ဒီထက်ပိုပြီးသန့်ရှင်းလှပအောင်လုပ်ပေးချင်လို့ပါ။ အထူးအစီအစဥ်အနေနဲ့လုပ်ပေးတာပါ”ဟု “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း ၏ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။
ထိုသို့ အမှိုက်များသိမ်းဆည်းရာ၌ သက်ဆိုင်ရာရပ် ကွက်အလိုက် အမှိုက်သိမ်းဇုန်များတွင် အမှိုက်သိမ်းနေသည့်ယာဥ်များမှ နေ့စဥ် လိုက်လံသိမ်းဆည်းပေးမည်ဖြစ်ကာ မြဝတီမြို့စွန်ရှိ စာသင်ကျောင်းများအထိပါ အခမဲ့လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။
” ကြိုဆိုပါတယ်။ အဲ့လိုမျိုးစီစဥ်ဆောင်ရွက်ပေးတယ်ဆိုတာ။ စာသင်နေတဲ့အချိန် လေကောင်းလေသန့်ရှုပြီး စာသင်ရတာက ကလေးတွေအတွက်စာကိုပိုပြီးအာရုံ စိုက်မိစေတယ်။ ဒီလိုလုပ်ဆောင်မှုမျိုးဆိုတာ သာဓုခေါ်ရမယ့် ကောင်းမွန်တဲ့လုပ်ဆောင်မှုပါ”ဟု မြဝတီမြို့နေ ကိုဝေလင်းက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ထို့ပြင် အမှိုက်သိမ်းယာဥ်စက်ချို့ယွင်းမှုများဖြစ်ပေါ်ပါက အစားထိုးယာဥ်တစ်စီးဖြင့်လိုက်လံသိမ်းဆည်းပေးမည်ဖြစ်ကာ ကျောင်းသား/သူဦးရေများသည့် စာသင် ကျောင်းများအတွက် ပုံမှန်အမှိုက်သိမ်းယာဥ်အပြင် သီးသန့်အမှိုက်သိမ်းယာဥ်တစ်စီးကိုလည်း စီစဥ်ပေးထားကြောင်း သိရသည်။
