ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ယနေ့ ဇွန် ၁ ရက်ကစ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စာသင် ကျောင်း(၈၆)ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်း(၇၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကပညာသင်ကျောင်း(၇)ကျောင်း(စုစုပေါင်း ၈၆ ကျောင်း)ကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းဖွင့်လှစ်သည့် ပထမနေ့တွင် ကျောင်းသား/သူများ အေးချမ်းစွာပညာတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ထိုသို့ သင်ကြားနေမှုများကို တာဝန်ရှိသူများကကြည့်ရှုအားပေး၍ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ မြဝတီခရိုင်အတွင်း၌ အခြေခံပညာကျောင်း(၁၀၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကပညာသင်ကျောင်း (၇) ကျောင်း(စုစုပေါင်း ၁၁၇ ကျောင်း)ရှိကြောင်း သိရသည်။
