Tuesday, May 19, 2026

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်...

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄)...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC...

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅...

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင်...

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံဖွား UFC...

မြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းနှင့် ပတ်သက်ပြီး...

ဧရာဝတီမြစ်ဆုံ - မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင်များက ပူတာအိုမြို ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံ ရဝမ်နှင့် လီ ဆူတိုင်းရင်းသားမျိုးနွယ်စုများအား ယမန်နေ့...
HomeNewsLocal Newsမြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆) ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆) ရန်ကုန်မြို့တွင် ကျင်းပ

ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး ရည်မှန်းထား

ယနေ့ မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် “မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆)” ကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်စုစုပေါင်း ၂၅၂ ဦး တတ်ရောက်ခဲ့သည်။

ယင်းမြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆)ပြပွဲတွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသပြီး မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

” မြန်မာနိုင်ငံတောင်ပိုင်းကို ထိုင်း သို့မဟုတ် မလေးရှားနိုင်ငံ နယ်စပ်က တဆင့်လည်းကောင်း၊ ယဉ်ကျေးမှု ဖလှယ်ခြင်းဖြင့်လည်းကောင်း ရောက်ရှိလာတယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ နှစ်ရာချီတဲ့ သက်တမ်းရင့် ဒူးရင်းပင်တွေကို ယနေ့အထိတွေ့နေရဆဲဖြစ်ပြီး ဒေသမျိုးကွဲပေါင်းများစွာကိုလည်း အမည်မျိုးစုံနဲ့ တွေ့ရှိရပါ တယ်။ ဒူရင်းသီးအမျိုးအမည်နဲ့ ပတ်သက်ရင် စိုက်ပျိုးတဲ့ဒေသကို လိုက်ပြီး သံတောင်သီး၊ ရေးသီး၊ ကျောက်ကြီးသီး အမည်တွင်ကြသလို အသီးရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ထူးခြားမှုကိုလိုက်ပြီး ပုံးမဆန့်သီး၊ ဆူးကြဲသီး၊ ဆူးပိတ်သီး၊ မိချောင်းခေါင်း၊ နို့ဆီသီး၊ ရွှေဒင်္ဂါးသီးစသည်ဖြင့်လည်း အမည်ပေးထားတာ တွေ့ရပါတယ်” ဟုပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်နိုင်ရေးတို့ကိုလည်း ရည်မှန်းထားကြောင်း သိရသည်။

ဓာတ်ပုံ-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆက်လက်ဖော်ဆောင်မည်

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄) ရွာ၌ “ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သိရသည်။ အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကျား/မ အလိုက် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်း နည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်သည်။ ပို့ချပေးမည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ အမျိုးသမီးများအတွက် အထည်ချုပ် (စက်ချုပ်) သင်တန်းများ၊ ဒေသထွက်ကုန်အခြေခံ စားသောက်ကုန်ထုတ်လုပ်မှု...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC အသိပေး

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅ ဒသမ ၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် ငလျင်လှုပ်ပါကအရေးပေါ်လုပ်ဆောင်ရမည့် အချက်များကို ICRC ကအသိပေးခဲ့ကာ ယင်း အ ချက်များကိုသိရှိထားပါက ငလျင်ကြောင့်ဖြစ်ပေါ်နိုင်သော ထိခိုက်မှုအန္တရာယ်များကိုလျှော့ချပေးနိုင်မည်ဖြစ်သည်။

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား ချင်းလူမျိုး ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခံရ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံဖွား UFC ဖလိုင်းဝိတ်တန်း (Flyweight) ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) ဖိတ်ကြားခြင်း ခံထားရကြောင်း သိရသည်။“UFC Freedom 250” ပွဲကြီးကို အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ၂၅၀ ပြည့် အထိမ်းအမှတ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဂျိုရှုအာဗန် အပါအဝင် ကမ္ဘာ့ထိပ်သီး ချန်ပီယံများလည်း တက်ရောက်ကြမည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071