မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့ထောပတ်သီးအဆီကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် လိုအပ်သော စာရွက်စာတမ်းများကို အိန္ဒိယနိုင်ငံရှိ IFBIC ထံသို့ ပေးပို့သွားရန်နှင့် မြန်မာ့အေးခဲထောပတ်သီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံရှိ International Federation of Business Intellectuals and Changemakers (IFBIC) မှ တာဝန်ရှိသူများ စုစုပေါင်း ၁၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။
