HomeNewsLocal Newsမြန်မာ့ငလျင် ဘန်ကောက်အထိ လှုပ်ခတ် မြန်မာနိုင်ငံတောင်ပိုင်း... မြန်မာ့ငလျင် ဘန်ကောက်အထိ လှုပ်ခတ် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးကို ဗဟိုပြု၍ တနင်္လာနေ့ နံနက်ပိုင်းတွင် အင်အားအသင့်အတင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး ဘန်ကောက်နှင့် ပြည်နယ်သုံးခုထက်မနည်းတွင် လှုပ်ခတ်မှုဖြစ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ပထမငလျင်သည် ရစ်ခ်တာစကေး ၅ ဒဿမ ၃ ရှိပြီး ထိုင်းစံတော်ချိန် နံနက် ၉း၀၅ နာရီတွင် လှုပ်ခတ်ခဲ့သည်ဟု ဌာနက ပြောကြားခဲ့သည်။ ထိုငလျင်သည် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်၏ အနောက်တောင်ဘက် ၂၄၇ ကီလိုမီတာအကွာရှိ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီး မြေအောက် ၁၀ ကီလိုမီတာအနက်မှ ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ဒုတိယမြောက်ငလျင်သည် ပြင်းအား ၃ ဒဿမ ၂ ပမာဏရှိပြီး ထိုင်းစံတော်ချိန် နံနက် ၉း၁၈ နာရီတွင် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးတွင်ပင် ၁၀ ကီလိုမီတာအနက်မှ လှုပ်ခတ်ခဲ့သည်။ ဘန်ကောက်၊ ချင်းမိုင်၊ လမ်ဖန်းနှင့် နွန်ထာဘူရီမှ လူများသည် ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရပြီး ခဏတာပျို့အန်ခြင်းဝေဒနာခံစားခဲ့ရကြောင်းကို ဌာနသို့ သတင်းပို့မှု ၄၀ ခန့်ရှိခဲ့သည်။ ၎င်းတို့အများစုသည် ဘန်ကောက်ရှိ အဆောက်အအုံများတွင် ရှိနေကြသူများဖြစ်သည်။ ငလျင်များသည် အဒ္ဒမန်ပင်လယ်ရှိ စစ်ကိုင်းပြတ်ရွေ့၏ ရွေ့လျားမှုကြောင့်ဖြစ်ရကြောင်း ယူဆခဲ့သည်။ ဘန်ကောက်ရှိ အထပ်မြင့်အဆောက်အအုံများတွင် လူများဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။ လက်ရှိတွင် ငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးမှုသတင်းများ မရရှိကြောင်း ဌာနက ပြောကြားခဲ့သည်။ Written by Popular Journal May 18, 2026 Estimated reading time: Less than 1 minutes FacebookInstagramTwitter Ref: ဘန်ကောက်ပို့စ် International ပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌ တရုတ်သင်္ဘောတစ်စင်းကို ရုရှားဒရုန်း ထိမှန် Popular Journal - Local News မေ ၂၅ ရက်မှ စတင်၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည် Popular Journal - International ၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ တိုးတက်လာ Popular Journal - Local News သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ Popular Journal - Load more Ads Space Available Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071 Contact Us ပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌ တရုတ်သင်္ဘောတစ်စင်းကို ရုရှားဒရုန်း ထိမှန် Popular Journal - May 18, 2026 International ပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌ တရုတ်သင်္ဘောတစ်စင်းကို ရုရှားဒရုန်း ထိမှန် Popular Journal - Local News မေ ၂၅ ရက်မှ စတင်၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည် Popular Journal - International ၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ တိုးတက်လာ Popular Journal - Local News သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ Popular Journal - Continue reading Popular Journal - May 18, 2026 Internationalပူတင်နှင့် ရှီ မတွေ့ဆုံမီလေးတွင် ယူကရိန်းကမ်းလွန်၌ တရုတ်သင်္ဘောတစ်စင်းကို ရုရှားဒရုန်း ထိမှန် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံရန် ပေကျင်းသို့ မသွားရောက်မီ တစ်ရက်အလိုတွင် ရုရှားဒရုန်းများသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာ ဒေသရှိ ဆိပ်ကမ်းများသို့ ဦးတည်မောင်းနှင်နေသည့် ပင်လယ်နက်အတွင်းရှိ တရုတ်ပိုင် ကုန်တင်သင်္ဘောတစ်စင်းအပါအဝင် သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့သည်။ ဆိပ်ကမ်းဒေသသို့ ဦးတည်မောင်းနှင်နေသည့် မာရှယ်ကျွန်းစု(Marshall Islands) အလံစိုက်ထူထားသော သင်္ဘောတစ်စင်းနှင့် ဂီနီဘစ်ဆော(Guinea-Bissau) အလံစိုက်ထူထားသော အခြားသင်္ဘောတစ်စင်း စသည့် အရပ်ဘက်သုံးသင်္ဘောနှစ်စင်း ယနေ့တွင် တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ ယူကရိန်းရေတပ်၏ ထုတ်ပြန်ချက်အရ မာရှယ်ကျွန်းစုအလံစိုက်ထူထားပြီး တရုတ်အမှုထမ်းများ လိုက်ပါလာသည့် တရုတ်ပိုင်ကုန်တင်သင်္ဘော "KSL... Popular Journal - May 18, 2026 Local Newsမေ ၂၅ ရက်မှ စတင်၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံမည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်နှင့် ရပ်ကွက်များအလိုက် နှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ် ၁ စုံ၊ ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ... Popular Journal - May 18, 2026 International၂၀၂၅အတွင်း တရုတ် ဂြိုဟ်တုဆက်သွယ်ရေး လမ်းညွှန်မှုလုပ်ငန်းကဏ္ဍ တိုးတက်လာ ပေကျင်း၊ မေလ ၁၈ ရက် တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၆၂၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၁.၉ ဘီလျံခန့်) သို့ ရောက်ရှိခဲ့ကြောင်း တနင်္လာနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် စက္ကူဖြူစာတမ်း တစ်စောင်အရ သိရသည်။ တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်နှင့် တည်နေရာအခြေပြု ဝန်ဆောင်မှုများအသင်း (GLAC) က ထုတ်ပြန်သည့် အဆိုပါစာတမ်းတွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင်... Ads Space Available Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071 Contact Us