Thursday, June 18, 2026

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍...

​ရန်ကုန် Smart City စီမံကိန်းကို...

"ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုး တက်မှုအဆင့်(Star Rating System)စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်"အဆိုကို...

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို...
HomeMoviesမြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup Tasters Championship 2026 ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network – MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Specialty Coffee Hub၊ The Secretariat Yangon ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသည် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီဝါသနာရှင်များ၊ ကော်ဖီကျွမ်းကျင်သူများ၏ အရသာခံနိုင်စွမ်း (Sensory Skills) များကို မြှင့်တင်ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း MWCN ထံမှ သိရသည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် မြန်မာ့ကော်ဖီများ၏ ထူးခြားသည့် အနံ့အရသာများကို အလျင်မြန်ဆုံးနှင့် အမှန်ကန်ဆုံး ခွဲခြားသတ်မှတ်နိုင်စွမ်းကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထူးချွန်စွာ အနိုင်ရရှိသူများအား Champion၊ First Runner-Up နှင့် Second Runner-Up ဆုများ ချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ဂုဏ်ပြုဒိုင်းဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၂၅ ရက် နောက်ဆုံးထား၍ သတ်မှတ်ထားသော Google Form မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင်ကြေးအဖြစ် ငွေကျပ် ၁၅၀,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအား အထိမ်းအမှတ် T-Shirt တစ်ထည်ကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုနားလည်သဘောပေါက်စေရန် Pre-Competition Workshop ကို ကြိုတင်ကျင်းပပေးသွားမည်ဖြစ်ပြီး Workshop ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို မကြာမီ ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို ရပ်ကွက်နေသူ များ၏ ဆန္ဒမဲဖြင့်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များအား  ဇွန် ၂၅ ရက်အပြီး ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးများအား ဇူ လိုင် ၁ ရက်မှစ၍ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ လိုက်နာရမည့်ကျင့်ဝတ်များအား စာ တွေ့၊ လက်တွေ့ (၁)လကြာသင်ကြားပို့ချသွားမည်ဖြစ် ကြောင်း...

​ရန်ကုန် Smart City စီမံကိန်းကို Star Rating စနစ်ဖြင့် ချပြရန်အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက မနက်ဖြန် ဇွန် ၁၉ ရက်တွင် လွှတ်တော်၌ဆွေးနွေးမည်

"ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုး တက်မှုအဆင့်(Star Rating System)စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်"အဆိုကို ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်ဆုရည်ဇော်က ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းထားခဲ့ကြောင်း သိရသည်။ ယင်း အဆိုအား မနက်ဖြန် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)၌ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။ ဒေါက်တာတင်အောင်ခိုင်၊ ဒဂုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးစံကျော်၊ လှိုင်မြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)၊ ဦးအောင်နိုင်ဦး၊ အလုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးဝင်းထွန်းနိုင်(ခ)ရွှေဘော်၊ အင်းစိန်မြို့ နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးကျော်မင်းထက်၊...

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌ မေးမြန်း

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က Facebook၊ YouTube၊ TikTok၊ Telegram နှင့် Viber ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းများတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ နေ့စဉ်တွေ့မြင်နေရပြီး ဝင်ရောက်ဆော့ကစားသူများလည်း များပြားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။ “ဥပဒေအားနည်းချက်များကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071