“ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုး တက်မှုအဆင့်(Star Rating System)စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်”အဆိုကို ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်ဆုရည်ဇော်က ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းထားခဲ့ကြောင်း သိရသည်။
ယင်း အဆိုအား မနက်ဖြန် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)၌ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။
ဒေါက်တာတင်အောင်ခိုင်၊ ဒဂုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးစံကျော်၊ လှိုင်မြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)၊ ဦးအောင်နိုင်ဦး၊ အလုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးဝင်းထွန်းနိုင်(ခ)ရွှေဘော်၊ အင်းစိန်မြို့ နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးကျော်မင်းထက်၊ ကျောက်တံတားမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးအောင်ပြည့်ဖြိုး၊ မရမ်းကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)တို့ကဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် “ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက် မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်း ဆိုင် ရာဥပဒေကြမ်း”နှင့်ပတ်သက်၍လည်း လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လှည်းကူးမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်မျိုးနိုင်၊ ထန်းတပင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ဦးတိုင်းရ၊ ကျောက်တံတားမြို့နယ် ကိုယ် စားလှယ်အမှတ်(၁)ဦးသိန်းနိုင်၊ တွံတေးမြို့နယ် ကိုယ် စားလှယ်အမှတ်(၁)ဦးနေဝင်း၊ တောင်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ဦးအောင်ကျော်မိုး၊ ရွှေပြည်သာမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဦးအောင်ဝင်းထူး ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်အေးအေးမြင့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဒေါ်စန်းစန်းဝင်းတို့က ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)ဒေါ်သင်းသင်းမိုး၊ အင်းစိန်မြို့နယ်မဲဆန္ဒနယ် ကိုယ် စားလှယ်အမှတ်(၁)ဦးသူရိန်လင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဦးဝေယံပိုင်၊ အလုံမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ဇင်ဇင်မျိုးထွန်း၊ ရွှေပြည်သာမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ဦးသိန်းနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကိုယ်စားလှယ်အ မှတ်(၁)ဦးစိုးယုတို့ကလည်း ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
