Friday, May 1, 2026

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...
HomeNewsFootballမြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။

ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။

အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်က ရမှတ်(၃)မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်က ရမှတ်(၁)မှတ်ဖြင့် တတိယ၊ မြန်မာရမှတ် (၁)မှတ်ဖြင့် စတုတ္ထနေရာနှင့် လာအိုအသင်းက ရမှတ်(၁) မှ တ်ဖြင့် ပဉ္စမ နေရာတွင် အသီးသီးရပ်တည်နေကြသည်။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် အုပ်စုတွင်း လေးပွဲကစားသည့်အနက် အင်ဒိုနီရှားအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းအား သရေကစားနိုင်ခဲ့ကာ လာအိုအသင်းအားအနိုင်ရရှိပြီး ဗီယက်နမ်အသင်းအား ရှုံးနိမ့်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၁ ရက်ညနေပိုင်းက ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့သည်။ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိ ဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး မြန်မာ နိုင်ငံ၌ မေ ၆ ရက်အထိနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာချစ် ကြည်ရေးခရီးစဉ်များဆောင်ရွက်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071