မြန်မာအမျိုးသားလေကြောင်းလိုင်း၏ (၇၇)နှစ်မြောက် အထိမ်းအမှတ်အစီအစဉ်တွင် အသက်(၇၇)နှစ်ပြည့်မည့်သူများအား ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ထားသည်။
ယခုနှစ် စက်တင်ဘာလအတွင်း အသက်(၇၇)နှစ်ပြည့် မွေးနေ့ရှင်များအတွက် Lucky Draw အစီအစဉ်ဖြစ်ပြီး မွေးနေ့ရှင်များထဲမှ Lucky Draw လက်မှတ်ရရှိမည့် ကံထူးရှင် (၃) ဦးအား ပြည်ပခရီးစဉ်ဖြစ်သော RGN-BKK-RGN အသွား/အပြန်လေယာဉ်လက်မှတ် (၁) စောင်စီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပါဝင်ဆင်နွှဲလိုသည့် ခရီးသွားပြည်သူများအနေ ဖြင့် Google Form Link တွင် ကိုယ်ပိုင်အချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
Lucky Draw လက်မှတ်ကံထူးရှင်ဖြစ်ရန်အတွက် မိမိတို့၏ ကိုယ်ပိုင်အချက်အလက်လေးများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၅) ရက်မှ (၁၅)ရက်အတွင်း ဖြည့်သွင်းရန် ဖိတ်ခေါ်ထားသည်။
